Connect with us

Asia

တရုတ်နိုင်ငံနှင့် ကုန်သွယ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအား ဆက်လက်တိုးချဲ့လိုကြောင်း ကာဂျစ္စတန်နိုင်ငံ ဒုတိယဝန်ကြီးချုပ် (၁) ဆို

ကာဂျစ္စတန်နိုင်ငံ Jalal-Abad ဒေသတွင် တရုတ်နိုင်ငံမှ ဆောက်လုပ်ရေးဝန်ထမ်းများက တရုတ်-ကာဂျစ္စတန်-ဥဇဘက်ကစ္စတန်ရထားလမ်း Jalal-Abad ဥမင်အတွက် ဥမင်လမ်း လေဝင်လေထွက် စက်ပစ္စည်း တပ်ဆင်နေသည်ကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၁၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မော်စကို၊ ဧပြီ ၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အလားအလာသည် အလွန်ကျယ်ပြောကြောင်း၊ ကာဂျစ္စတန်အနေဖြင့် တရုတ်နိုင်ငံနှင့် ကုန်သွယ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအား ဆက်လက်တိုးချဲ့သွားလိုကြောင်း ကာဂျစ္စတန်နိုင်ငံ ဒုတိယဝန်ကြီးချုပ် (၁) Daniyar Amangeldiev က ဧပြီ ၃ ရက်တွင် ရုရှားနိုင်ငံ မော်စကိုမြို့၌ ကျင်းပသည့် CIS စီးပွားရေးကောင်စီ အစည်းအဝေးကာလအတွင်း ဆင်ဟွာသတင်းထောက် သီးသန့် တွေ့ဆုံမေးမြန်းမှုကို ဖြေကြားရာ၌ ပြောကြားခဲ့သည်။
Daniyar Amangeldiev က တရုတ်နိုင်ငံသည် အစဉ်အမြဲ ကမ္ဘာ့စီးပွားရေးတိုးတက်မှု၏ အဓိကအကျိုးထမ်းဆောင်သူကြောင်း၊ ကာဂျစ္စတန်အနေဖြင့် တရုတ်နိုင်ငံ သိပ္ပံနည်းပညာများ မြန်နှုန်းမြင့် ဖွံ့ဖြိုးတိုးတက်မှုနှင့် ကုန်ထုတ်လုပ်ငန်းများ အသွင်ပြောင်းအဆင့်မြှင့်တင်မှု အရှိန်မြင့်လာခြင်းကို သတိပြုမိကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် နောက်တစ်ဆင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုအတွက် မဟာဗျူဟာမြောက်ရေးဆွဲမှု လုပ်ဆောင်ခဲ့ပြီး ကမ္ဘာ့စီးပွားရေးတိုးတက်မှုအတွက် တည်ငြိမ်မှုနှင့် သေချာရေရာမှုများ ပံ့ပိုးပေးလိုက်ကြောင်း ပြောကြားခဲ့သည်။
လတ်တလောနှစ်ပိုင်းတွင် စီးပွားရေးကမ္ဘာလုံးဆိုင်ရာအသွင်ပြောင်းမှုသည် ရေဆန်နှင့်တွေ့ကြုံနေရပြီး တစ်ဖက်သတ်ဝါဒနှင့် ကိုယ်ကျိုးစီးပွား ကာကွယ်ရေးဝါဒတို့ ဦးမော့လာကြောင်း၊ ကမ္ဘာ့နိုင်ငံအသီးသီးအနေဖြင့် နိုင်ငံစုံကုန်သွယ်ရေးစနစ်နှင့် တရားမျှတ၍ သမာသမတ်ကျသော နိုင်ငံတကာ စီးပွားရေးကုန်သွယ်မှု စည်းစနစ်အား အတူတကွ ကာကွယ်ထိန်းသိမ်းသင့်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် အဆင့်မြင့်ပြည်ပသို့ တံခါးဖွင့်လှစ်မှုအား စွဲမြဲစွာ လက်ကိုင်ထား၍ အခြားနိုင်ငံများ ဖွံ့ဖြိုးတိုးတက်မှုအတွက် အခွင့်အလမ်းများ ဖန်တီးပေးလိုက်ကြောင်း ပြောကြားခဲ့သည်။
ကာဂျစ္စတန်သည် တရုတ်နိုင်ငံ၏ အိမ်နီးချင်းနိုင်ငံဖြစ်ကြောင်း၊ လက်ရှိတွင် ကာဂျစ္စတန်-တရုတ် နှစ်ဖက်ပူးပေါင်းဆောင်ရွက်မှု ဆက်ဆံရေးသည် အဆင့်မြင့်ကာလတွင်ရှိပြီး နှစ်နိုင်ငံ ကုန်သွယ်ရေးပမာဏသည်လည်း မြန်နှုန်းမြင့်တိုးတက်လျက်ရှိ‌ကြောင်း၊ တရုတ်-ကာဂျစ္စတန်-ဥဇဘက်ကစ္စတန်ရထားလမ်း စီမံကိန်းကို လက်ရှိတွင် တက်ကြွစွာ တွန်းအားပေးဖော်ဆောင်လျက်ရှိရာ ယင်းစီမံကိန်းသည် ကာဂျစ္စတန်-တရုတ် ပူးပေါင်းဆောင်ရွက်မှုနှင့် နိုင်ငံစုံပူးပေါင်းဆောင်ရွက်မှုအတွက် တွန်းအားအသစ်များ ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း Daniyar Amangeldiev က ထောက်ပြပြောကြားခဲ့သည်။ (Xinhua)

——————
(Chinese Version)
吉尔吉斯斯坦第一副总理:愿继续扩大与中方经贸合作
新华社莫斯科4月3日电(记者刘恺)吉尔吉斯斯坦第一副总理阿曼格利季耶夫3日在俄罗斯首都莫斯科举行的独联体经济理事会会议期间接受新华社记者专访时表示,中国经济发展前景非常广阔,吉方愿继续扩大与中方的经贸合作。
阿曼格利季耶夫表示,中国一直是世界经济增长的主要贡献者,吉方注意到中国科技飞速发展,产业转型升级加速。中国对下一阶段经济社会发展作出战略擘画,为全球经济增长提供稳定性和确定性。
阿曼格利季耶夫说,近年来经济全球化遭遇逆流,单边主义、贸易保护主义抬头,世界各国应该共同维护多边贸易体制和公平公正的国际经济贸易秩序。中国坚持高水平对外开放,为其他国家发展创造机遇。
阿曼格利季耶夫指出,吉尔吉斯斯坦是中国近邻,当前吉中双边合作关系处于高水平,两国贸易额快速增长。中吉乌铁路项目正在积极推进,该项目将为吉中合作和多边合作提供新的动力。(完)
图说:2月11日,在吉尔吉斯斯坦贾拉拉巴德州,中国建设工人为中吉乌铁路贾拉拉巴德隧道安装隧道通风设备。华社发(任卫云摄)