China
ရှီကျင့်ဖိန်က အယ်လ်ဂျီးရီးယားနိုင်ငံ သမ္မတဟောင်း Liamine Zeroual ကွယ်လွန်ခြင်းအတွက် အယ်လ်ဂျီးရီးယားနိုင်ငံ သမ္မတ Abdelmadjid Tebboune ထံသို့ ဝမ်းနည်းကြောင်း သဝဏ်လွှာ ပေးပို့
ပေကျင်း၊ ဧပြီ ၆ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က အယ်လ်ဂျီးရီးယားနိုင်ငံ သမ္မတဟောင်း Liamine Zeroual ကွယ်လွန်မှုအတွက် အယ်လ်ဂျီးရီးယားနိုင်ငံ သမ္မတ Abdelmadjid Tebboune ထံသို့ ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့ကာ တရုတ်နိုင်ငံအစိုးရနှင့် တရုတ်ပြည်သူများကိုယ်စား လွန်စွာဝမ်းနည်ကြေကွဲရကြောင်း၊ Liamine Zeroual ၏ မိသားစုဝင်များ၊ အယ်လ်ဂျီးရီးယားနိုင်ငံ အစိုးရနှင့် ပြည်သူများထံသို့ စိတ်ရင်းအမှန်ဖြင့် နှစ်သိမ့်စကားပို့သကြောင်း ပြောကြားခဲ့သည်။
ရှီကျင့်ဖိန်က သမ္မတဟောင်း Liamine Zeroual သည် အယ်လ်ဂျီးရီးယားနိုင်ငံ၏ ထူးချွန်သောခေါင်းဆောင်ဖြစ်ပြီး နိုင်ငံတော်တည်ငြိမ်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်ရေးအတွက် အရေးကြီးအကျိုးထမ်းဆောင်မှု လုပ်ဆောင်ခဲ့ကြောင်း၊ ၎င်းသက်ရှိထင်ရှားရှိစဉ်က တရုတ်နိုင်ငံအပေါ် ချစ်ကြည်ရင်းနှီးမှုကို စွဲမြဲစွာ လက်ကိုင်ထားပြီး နှစ်နိုင်ငံချစ်ကြည်ရေးနှင့် အပြန်အလှန်ယုံကြည်မှုအား ခိုင်မြဲစေရန်၊ နှစ်ဖက်ကဏ္ဍစုံပူးပေါင်းဖလှယ်မှုအား တွန်းအားပေးရန် ကြိုးပမ်းခဲ့ကြောင်း၊ ၎င်းကွယ်လွန်မှုသည် အယ်လ်ဂျီးရီးယားပြည်သူများအတွက် ဆုံးရှုံးမှုဖြစ်သလို တရုတ်ပြည်သူများက မိတ်ဆွေကောင်းတစ်ဦး ဆုံးရှုံးရခြင်းလည်းဖြစ်ကြောင်း၊ မိမိအနေဖြင့် တရုတ်-အယ်လ်ဂျီးရီးယားဆက်ဆံရေး တိုးတက်မှုကို များစွာအလေးထားကြောင်း၊ သမ္မတ Abdelmadjid Tebboune နှင့်အတူ နှစ်နိုင်ငံ ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးတွင် ပိုမိုကြီးမားသော တိုးတက်မှုအသစ်များရရှိရန် ကြိုးပမ်းသွားလိုကြောင်း ပြောကြားခဲ့သည်။ (Xinhua)
——————
(Chinese Version)
习近平就阿尔及利亚前总统泽鲁阿勒逝世向阿尔及利亚总统特本致唁电
新华社北京4月6日电 4月3日,国家主席习近平就阿尔及利亚前总统泽鲁阿勒逝世向阿尔及利亚总统特本致唁电,代表中国政府和中国人民表示深切哀悼,向泽鲁阿勒亲属、向阿尔及利亚政府和人民致以诚挚慰问。
习近平指出,泽鲁阿勒前总统是阿尔及利亚杰出领导人,为促进国家稳定和发展作出重要贡献。他生前坚持对华友好,致力于巩固两国友谊和互信,推动双方各领域交流合作。他的逝世是阿尔及利亚人民的损失,中国人民也失去了一位好朋友。我高度重视中阿关系发展,愿同特本总统一道努力,推动两国全面战略伙伴关系得到新的更大发展。(完)
