Connect with us

Africa & Middle East

ဆီးရီးယား ကနိုင်ငံမြောက်ပိုင်းတွင် လုံခြုံရေးဇုံတည်ဆောက်မှုကိုလက်မခံဟု ပြောကြား

ဆီးရီးယားနိုင်ငံမြောက်ပိုင်းတွင် စစ်ဘေးဒဏ်ကြောင့်အိုးအိမ်စွန့်ခွာထွက်ပြေးလာ ကြသည့် မိသားစုတစ်စုအားတွေ့ရစဉ်။(ဆင်ဟွာ)

ဒမတ်စကပ်(စ်)၊ဇန်နဝါရီလ ၁၅ ရက်(ဆင်ဟွာ)

တူရကီသမ္မတ ရီဆက်တေရစ်အာဒိုဂန်(Recep Tayyip Erdogan) ကဆီးရီးယားနိုင်ငံမြောက်ပိုင်းတွင် လုံခြုံရေးဇုံတစ်ခုဖန်တီးတည်ဆောက်ရန် ပြောကြားခဲ့ခြင်းအပေါ် ဆီးရီးယား နိုင်ငံခြားရေးဝန်ကြီးဌာန က ဇန်နဝါရီ ၁၅ ရက် တွင်ဝေဖန်ပြောကြားခဲ့ကြောင်း ဆီးရီးယားနိုင်ငံပိုင် SANA သတင်းဌာနကပြော ကြားခဲ့သည်။

ဆီးရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာချက်တစ်ရပ်ထုတ်ပြန်ခဲ့ရာတွင် အာဒိုဂန် ၏မှတ်ချက် စကားများနှင့်လုပ်ဆောင်မှုများက တူရကီအနေဖြင့် ကျူးကျော်သိမ်းပိုက်ရေးနှင့် ရန်စခြိမ်းခြောက်ရေး လမ်းစဉ်အတိုင်းပြုမူနေကြောင်း၊အာဒိုဂန်၏လုပ်ရပ်များက ကုလသမဂ္ဂ ပဋိညာဉ်နှင့် အခြေခံမူများကို ဆန့်ကျင်နေကြောင်းဖြင့်လည်းပြောခဲ့သည်။

တူရကီသမ္မတ ရီဆက်တေရစ်အာဒိုဂန် ကဇန်နဝါရီလ ၁၄ ရက်တွင်အမေရိကန်သမ္မတဒေါ်နယ်ထရန့် (Donald Trump) နှင့်ဖုန်းပြောခဲ့ရာတွင် သဘောတူခဲ့မှုတစ်စိတ်တစ်ပိုင်းအရ ဆီးရီးယားနိုင်ငံမြောက် ပိုင်းတွင် လုံခြုံရေးဇုံတစ်ခုတည်ဆောက်သွားမည်ဟု ဇန်နဝါရီလ ၁၅ ရက်အစောပိုင်းတွင်ပြောခဲ့သည်။ ၎င်းက အမေရိကန်သမ္မတနှင့်ဖုန်းပြောခဲ့ရမှုမှာအပြုသဘောဆောင်ကြောင်းနှင့် နှစ်ဘက်စလုံးကဆီးရီး ယား နယ်စပ်တစ်လျှောက်တွင် ၃၂ ကီလိုမီတာရှည် လုံခြုံရေးဇုံတစ်ခုတည်ဆောက်ရန် သဘောတူကြ ကြောင်းပြောခဲ့သည်။

ဆီးရီးယားနိုင်ငံခြားရေးဝန်ကြီးဌာန၏ကြေညာချက်တွင် ဆီးရီးယားနိုင်ငံ၏အချုပ်အခြာအာဏာကိုစော် ကားသည့်မည်သည့်လုပ်ရပ်မျိုးမဆိုဆီးရီးယားနိုင်ငံပိုင်နက်အားခြိမ်းခြောက်ရန်စခြင်းနှင့်တိုက်ရိုက်ကျူး ကျော်ခြင်းအဖြစ်မှတ်ယူမည်ဟု အလေးအနက်ဖေါ်ပြခဲ့သည်။ထို့ပြင်ဆီးရီးယားအစိုးရအနေဖြင့်ပိုင်နက် နယ်မြေတစ်စုတစ်စည်းတည်းရှိစေရေးကာကွယ်သွားရန်ဆုံးဖြတ်ထားကြောင်းနှင့်တူရကီက သိမ်းပိုက် ကျူးကျော်မှုအား ခုခံသွားမည်ဖြစ်ကြောင်းလည်းကြေညာချက်တွင်ပြောခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.