Connect with us

Africa & Middle East

ကင်ညာနိုင်ငံ မြို့တော် နိုင်ရိုဘီတွင် တိုက်ခိုက်မှုဖြစ်ပွား၊ အခြေအနေကို ထိန်းချုပ်နိုင်ပြီဟု ပြည်ထဲရေးဝန်ကြီး ဆို


နိုင်ရိုဘီ ၊ ဇန်နဝါရီ ၁၆ ရက်(ဆင်ဟွာ)

ကင်ညာနိုင်ငံ နိုင်ရိုဘီမြို့ Westlandsဒေသရှိ ဟိုတယ်တစ်ခုကို ဇန်နဝါရီ ၁၅ ရက် ညနေ ၃နာရီခန့်က လက်နက်ကိုင်အချို့ ဝင်ရောက်တိုက်ခိုက်ရာ ရဲတပ်ဖွဲ့ဝင်များနှင့် အပြန်အလှန်ပစ်ခတ်မှုများဖြစ်ပွား ခဲ့ကြောင်း သိရသည်။

အချင်းဖြစ်ပွားသည့်ဟိုတယ်အနီးတွင် အစိုးရဌာနများနှင့် ကုမ္ပဏီအများအပြား ရှိရာ လုံခြုံရေး ဝန်ထမ်းများက အဆောက်အဦများအတွင်းရှိပိတ်မိနေသူများအား ရှင်းလင်းပေးခဲ့ရကြောင်း ၊

လက်ရှိတွင် အခြေအနေကို ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း ကင်ညာ ပြည်ထဲရေးဝန်ကြီး Fred Matiang’iက အချင်းဖြစ်ပွားသည့်နေ့ ညပိုင်းတွင် ပြောကြားခဲ့သည်။

တိုက်ခိုက်မှုဖြစ်ပွားသည့် အချင်းဖြစ်နေရာအား တွေ့ရစဉ်(ဆင်ဟွာ)

တိုက်ခိုက်မှုဖြစ်ပွားသည့် အချင်းဖြစ်နေရာအား တွေ့ရစဉ်(ဆင်ဟွာ)

တိုက်ခိုက်မှုဖြစ်ပွားသည့် အချင်းဖြစ်နေရာအား တွေ့ရစဉ်(ဆင်ဟွာ)

တိုက်ခိုက်မှုဖြစ်ပွားသည့် အချင်းဖြစ်နေရာအား တွေ့ရစဉ်(ဆင်ဟွာ)

သေဆုံးဒဏ်ရာရသူအရေအတွက်ကို Fred Matiang’iက အတိအကျ ပြောကြားခြင်း မရှိသေး သော် လည်း အချင်းဖြစ်နေရာရှိရဲအရာရှိတစ်ဦး၏ ပြောကြားချက်ရ တိုက်ခိုက်မှုကြောင့် သေဆုံးသူ ၆ ဦး ရှိပြီဖြစ်ပြီး ထပ်မံတိုးလာနိုင်ဖွယ်ရှိကြောင်း သိရသည်။

ဆိုမာလီယာ အယ်လ်ရှာဘတ်များက အဆိုပါတိုက်ခိုက်မှုမှာ ၎င်းတို့၏လက်ချက်ဖြစ်သည်ဟု ကြေညာထားသည်။

အယ်လ်ရှာဘတ်(al-Shabaab)သည် အယ်လ်ကိုင်ဒါး(Al-Qaeda)နှင့်ဆက်စပ်နေသည့် အစွန်းရောက် အဖွဲ့အစည်းဖြစ်ပြီး ယခုနှစ်ပိုင်းများတွင် ဆိုမာလီယာနှင့် အိမ်နီးချင်းနိုင်ငံများတွင် အကြမ်းဖက် တိုက်ခိုက်မှုပေါင်းများစွာ ပြုလုပ်ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.