Media
ယူနန်ပြည်နယ် မော့ကျန်းက ပျော်ရွှင်မြူးထူးဖွယ် ယဉ်ကျေးမှုခရီးသွားကဏ္ဍ
ယူနန်၊ ဧပြီ ၇ ရက် (ဆင်ဟွာ)
ဧပြီလ ၁ ရက်က တရုတ်နိုင်ငံ ယူနန်ပြည်နယ် မော့ကျန်းခရိုင်၌ ကျင်းပသော သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ယဉ်ကျေးမှုခရီးသွားဌာန ညွှန်ကြားရေးမှူး ယန်ချွမ်းတယ်က အမှာစကားပြောကြားနေစဉ် ပါးစပ်၊ နှာခေါင်းများမှ အိုးမဲငွေ့များ ထွက်လာသည်အထိ မျက်နှာအိုးမဲသုတ်ခံလိုက်ရသည်။ သို့သော် ၎င်းက သတင်းအချက်အလက်များကို ပြီးစီးအောင် ပြောကြားပြီးသည်နှင့် တစ်ပြိုင်နက် တစ်ဖက်လူအား ပြန်၍ အိုးမဲသုတ်ခဲ့သည်။
ယင်းမှာ ၂၀ ကြိမ်မြောက် မော့ကျန်း မြောက်ယဉ်စွန်းတန်း နိုင်ငံတကာအမြွှာပူးပွဲတော်၏ အကြိုလှုပ်ရှားမှုဖြစ်သည်။ “မျက်နှာ အိုးမဲသုတ်ခြင်း” မှာ ဒေသခံများ၏ ဆုမွန်ကောင်းတောင်းပေးသည့် အရပ်ရိုးရာဓလေ့ဖြစ်ပြီး ထိုအိုးမဲမှာ ကော်ဖီမှုန့်နှင့် စားသုံးနိုင်သော ဝါးမီးသွေးမှုန့်များ ဖြစ်သည်။ (Xinhua)
——————-
(Chinese Version)
云南墨江文旅整活儿,网友:发布会没有“白看”。
4月1日,云南墨江一发布会现场,文旅局长杨春德讲话时,被抹黑脸,口鼻喷黑烟,坚持发布完消息后也抹黑对方。这是为第20届墨江北回归线国际双胞胎节预热,“抹黑脸”是当地祈福民俗,粉末为咖啡粉和食用竹炭粉。
