China
သစ်တော်ပန်းများ ပွင့်လန်းချိန်တွင် စိုက်ပျိုးရေးနှင့် ခရီးသွားလုပ်ငန်း ပေါင်းစပ်မှုဖြင့် ဖွံ့ဖြိုးတိုးတက်မှုကို အားဖြည့်ပေး
ရှီကျားကျွမ်း၊ ဧပြီ ၇ ရက် (ဆင်ဟွာ)
လတ်တလောရက်ပိုင်းတွင် တရုတ်နိုင်ငံ ဟဲပေပြည်နယ် ကျင့်ကျိုးမြို့ရှိ တရုတ်မူ (Mu) ၁၇၀,၀၀၀ ရှိသည့် သစ်တော်သီးပင်များသည် ပန်းများ ဝေဝေဆာဆာပွင့်လန်းသည့်ရာသီချိန် ကျရောက်လာခဲ့သည်။ သစ်တော်ပန်းနှင့် စိုက်ခင်းများကြားရှိ ပွင့်လန်းနေသော ဆီမုန်ညင်းပန်းများမှာ အပြန်အလှန် ပနံသင့်နေပြီး ခရီးသွားဧည့်သည် အများအပြား လာရောက်၍ ပန်းများရှုစားကာ အပန်းဖြေရန် ဆွဲဆောင်လျက်ရှိသည်။
လတ်တလောနှစ်ပိုင်းတွင် ကျင့်ကျိုးမြို့သည် ထူးခြားချက်ရှိသော စိုက်ပျိုးရေးလုပ်ငန်း အရင်းအမြစ် အားသာချက်ဖြင့် ပန်းများကို ကြားခံနယ်အဖြစ်လည်းကောင်း၊ စိုက်ပျိုးရေးလုပ်ငန်းကို အခြေခံအဖြစ်လည်းကောင်း၊ ခရီးသွားလုပ်ငန်းဖြင့် လုပ်ငန်းဖော်ဆောင်ခြင်းအဖြစ်လည်းကောင်း အပန်းဖြေလည်ပတ်ခြင်း၊ ဆွတ်ခူးခြင်း၊ သုတေသနသင်ကြားရေးခရီးစဉ် စသည့် တွဲဖက်ဝန်ဆောင်မှုများ ပြည့်စုံလာစေရန် လုပ်ဆောင်လာခဲ့ရာ “လှပသောရှုခင်း” ကို “လှပသောစီးပွားရေး” အဖြစ် ပြောင်းလဲလိုက်ပြီး ကျေးလက်ဖွံ့ဖြိုးတိုးတက်မှုအတွက် အားကောင်းသောတွန်းအား ဖြည့်တင်းပေးလျက်ရှိသည်။ (Xinhua)

တရုတ်နိုင်ငံ ဟဲပေပြည်နယ် ကျင့်ကျိုးမြို့ ကျိုးကျားကျွမ်းရွာ သစ်တော်ဥယျာဉ်အတွင်း ပန်းရှုစား လည်ပတ်နေသူများကို ၂၀၂၆ ခုနှစ် ဧပြီ ၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဟဲပေပြည်နယ် ကျင့်ကျိုးမြို့ ကျိုးကျားကျွမ်းရွာ အမှတ် ၉ ထုတ်လုပ်ရေးအဖွဲ့ သစ်တော်ဥယျာဉ်အတွင်း၌ ပန်းရှုစားနေသော ခရီးသွားဧည့်သည်များကို ၂၀၂၆ ခုနှစ် ဧပြီ ၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)




—————–
(Chinese Version)
河北晋州:梨花盛开绘美景 农旅融合助发展
新华社照片,石家庄,2026年4月6日
近日,河北省晋州市17万亩梨树迎来盛花期,梨花与田间连片盛开的油菜花相映生辉,吸引大量游客前来赏花踏青,休闲度假。
近年来,晋州市立足特色农业资源优势,以花为媒、以农为基、以旅兴业,持续完善观光、采摘、研学等配套服务,让“美丽风景”变身“美丽经济”,为乡村振兴注入强劲动能。
1、4月6日,游客乘观光小火车从河北省晋州市周家庄乡第九生产队梨园旁经过(无人机照片)。 新华社记者 杨世尧 摄
2、4月6日,游客在河北省晋州市周家庄乡梨园内赏花游玩。新华社发(梁子栋摄)
3、4月6日,游客在河北省晋州市周家庄乡第九生产队梨园赏花。新华社记者 杨世尧 摄
