China
ရှီကျင့်ဖိန်က ကျောင်းထုန်းတက္ကသိုလ်ကျောင်းလေးကျောင်း၏ ဆရာ၊ ဆရာမနှင့် ကျောင်းသား၊ ကျောင်းသူများအား ပြန်စာပေးပို့
ပေကျင်း၊ ဧပြီ ၇ ရက် (ဆင်ဟွာ)
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်၊ နိုင်ငံတော် သမ္မတ၊ ဗဟိုစစ်ကော်မရှင်ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် မကြာမီရက်ပိုင်းက ရှန်ဟိုင်းကျောင်းထုန်းတက္ကသိုလ်၊ ရှီးအန်းကျောင်းထုန်းတက္ကသိုလ်၊ အနောက်တောင်ကျောင်းထုန်းတက္ကသိုလ်၊ ပေကျင်းကျောင်းထုန်းတက္ကသိုလ်ရှိ ဆရာ၊ ဆရာမနှင့် ကျောင်းသား၊ ကျောင်းသူတစ်ရပ်လုံးအား ပြန်စာပေးပို့ကာ ကျောင်း၏ ဖွံ့ဖြိုးတိုးတက်ရေးအပေါ် အလေးအနက်မျှော်လင့်မှုများ ပြောကြားခဲ့သည်။
ရှီကျင့်ဖိန်က သင်တို့ရှိရာ အဆင့်မြင့်ပညာရေး တက္ကသိုလ်ကျောင်းလေးကျောင်းသည် အသက်သွေးကြောချင်း ဆက်နွှယ်လျက်ရှိပြီး ယခုနှစ်တွင် ကျောင်းတည်ထောင်သည့် နှစ်ပေါင်း ၁၃၀ ပြည့်နှစ် အထိမ်းအမှတ်ကို အတူတကွကြိုဆိုခြင်းဖြစ်ရာ ဆရာ၊ ဆရာမ၊ ကျောင်းသူ၊ ကျောင်းသား၊ ဝန်ထမ်း တစ်ရပ်လုံးနှင့် များပြားလှသော ကျောင်းသားဟောင်းများအား ဝမ်းမြောက်ဂုဏ်ပြုကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။
သင်တို့အနေဖြင့် ခေတ်သစ် တရုတ်ဝိသေသလက္ခဏာဆောင်သည့် ဆိုရှယ်လစ်ဝါဒအတွေးအခေါ်၏ လမ်းညွှန်မှုကို ခိုင်မာစွာ ကျင့်သုံးရမည်ဖြစ်သလို “လက်တွေ့ကျသော ပညာရပ်ကို သင်ယူလေ့လာခြင်း၊ လက်တွေ့လုပ်ငန်းများကို ခိုင်ခိုင်မာမာဖော်ဆောင်ခြင်း” ဟူသော ကျောင်းဖွင့်လှစ်ရသည့် ရည်မှန်းချက်များကို လက်ကိုင်ထားရန်၊ ကျောင်းထုန်းတက္ကသိုလ် အနောက်အရပ်သို့ ရွှေ့ပြောင်းခြင်းစိတ်ဓာတ် (Westward Relocation Spirit) ကို လက်ဆင့်ကမ်းမြှင့်တင်သွားရန်၊ နိုင်ငံ၏ အရေးကြီးသည့် မဟာဗျူဟာလိုအပ်မှုကို အာရုံစိုက်ရန်၊ သိပ္ပံနည်းပညာ အမှီအခိုကင်းစွာ ဆန်းသစ်ဖန်တီးခြင်းနှင့် လူရည်ချွန်ကိုယ်ပိုင်ပျိုးထောင်ခြင်းကို မြှင့်တင်ရန်၊ စက်မှုကဏ္ဍ-ပညာရေးကဏ္ဍ-သုတေသနကဏ္ဍ နက်ရှိုင်းစွာ ပေါင်းစည်းမှုကို မြှင့်တင်ရာတွင် ကျော်လွှားထိုးဖောက်မှုများ ပိုမို ဖော်ဆောင်ရန်၊ ပညာရေးအင်အားကြီးနိုင်ငံ၊ သိပ္ပံနည်းပညာ အင်အားကြီးနိုင်ငံ၊ လူရည်ချွန် အင်အားကြီးနိုင်ငံ တည်ဆောက်ရေးအတွက် အကျိုးသစ်များ ထမ်းရွက်ကြရန် မျှော်လင့်ကြောင်း ၎င်းက ဖော်ပြခဲ့သည်။
ရှန်ဟိုင်းကျောင်းထုန်းတက္ကသိုလ်၊ ရှီးအန်းကျောင်းထုန်းတက္ကသိုလ်၊ အနောက်တောင် ကျောင်းထုန်းတက္ကသိုလ်၊ ပေကျင်းကျောင်းထုန်းတက္ကသိုလ်၏ မူလအစမှာ ၁၈၉၆ ခုနှစ်က တည်ထောင်ခဲ့သည့် နန်ယန်ကောလိပ်၊ ပေယန်ရထားလမ်းအရာရှိကောလိပ်နှင့် ၁၉၀၉ ခုနှစ်တွင် တည်ထောင်ခဲ့သော ရထားလမ်းစီမံခန့်ခွဲရေး အင်စတီကျုတို့ကို ကျောင်းထုန်းတက္ကသိုလ်အဖြစ် ၁၉၂၁ ခုနှစ်တွင် ပေါင်းစည်း၍ တည်ထောင်ခဲ့ခြင်း ဖြစ်သည်။ မကြာမီရက်ပိုင်းက ကျောင်းထုန်းတက္ကသိုလ်ကျောင်း လေးကျောင်းရှိ ဆရာ၊ ဆရာမနှင့် ကျောင်းသား၊ ကျောင်းသူ တစ်ရပ်လုံးက အထွေထွေအတွင်းရေးမှူးချုပ် ရှီကျင့်ဖိန်ထံသို့ စာရေးသားပေးပို့ကာ ကျောင်း၏ နှစ် ၁၃၀ ပြည့် ဖွံ့ဖြိုးတိုးတက်မှုဖြစ်စဉ်နှင့် ကျောင်းဖွင့်လှစ်သည့် အောင်မြင်မှုရလဒ်များကို အစီရင်ခံပြောကြားခဲ့သလို အင်အားကြီးနိုင်ငံ တည်ဆောက်ရေး၊ အမျိုးသားပြန်လည်အားသစ်လောင်းရေး မဟာလုပ်ငန်းကြီးအတွက် အားအင်အဖြစ် ထမ်းရွက်လိုသော သန္နိဋ္ဌာန်အား ဖော်ပြခဲ့ကြသည်။ (Xinhua)

——————-
(Chinese Version)
习近平给四所交通大学全体师生回信强调 传承弘扬西迁精神聚焦国家重大战略需求 为建设教育强国科技强国人才强国作出新贡献
新华社北京4月7日电 近日,中共中央总书记、国家主席、中央军委主席习近平给上海交通大学、西安交通大学、西南交通大学、北京交通大学全体师生回信,对学校发展提出殷切期望。
习近平指出,你们四所高校根脉相连,今年共同迎来建校130周年,在此向全体师生员工、广大校友表示祝贺。
习近平强调,希望你们坚持以新时代中国特色社会主义思想为指导,秉持“求实学、务实业”办学宗旨,传承弘扬西迁精神,聚焦国家重大战略需求,加强科技自主创新和人才自主培养,在促进产学研深度融合上实现更多突破,为建设教育强国、科技强国、人才强国作出新贡献。(回信全文另发)
上海交通大学、西安交通大学、西南交通大学、北京交通大学的前身,分别是1896年成立的南洋公学、北洋铁路官学堂和1909年成立的铁路管理传习所,1921年合并组建为交通大学。近日,四所交通大学全体师生给习近平总书记写信,汇报学校130年发展历程和办学成绩,表达为强国建设、民族复兴伟业贡献力量的决心。(完)
1. 3月23日,中共中央总书记、国家主席、中央军委主席习近平在河北雄安新区考察,并主持召开深入推进雄安新区高质量建设和发展座谈会。这是23日上午,习近平在北京四中雄安校区考察时,走进教室同师生亲切交谈。 新华社记者 谢环驰 摄
