Connect with us

China

တရုတ်အသင်းက ထိုင်းအသင်းကို အနိုင်ယူပြီး အေအက်ဖ်စီ ယူ ၂၀ အမျိုးသမီး အာရှဖလားပြိုင်ပွဲတွင် အုပ်စု A ၌ ထိပ်ဆုံးနေရာကို ရရှိ

ထိုင်းနိုင်ငံ Pathum Thani မြို့တွင် ကျင်းပသည့် ၂၀၂၆ ခုနှစ် အေအက်ဖ်စီ ယူ၂၀ အမျိုးသမီး အာရှဖလားပြိုင်ပွဲတွင် တရုတ်အသင်းနှင့် ထိုင်းအသင်းတို့၏ အုပ်စု A ပွဲစဉ်အတွင်း တရုတ်အသင်းမှ ယွီရှင်းယွဲ့ (အလယ်) က ဖြတ်ဖောက်ထွက်နေသည်ကို ၂၀၂၆ ခုနှစ် ဧပြီ ၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဘန်ကောက်၊ ဧပြီ ၈ ရက် (ဆင်ဟွာ)

၂၀၂၆ ခုနှစ် အေအက်ဖ်စီ ယူ၂၀ အမျိုးသမီး အာရှဖလားပြိုင်ပွဲတွင် ဧပြီ ၇ ရက်က Thammasat အားကစားကွင်း၌ တရုတ်အသင်းက အိမ်ရှင်ထိုင်းအသင်းကို ၁-၀ ဂိုးဖြင့် အနိုင်ရရှိပြီး အုပ်စုအဆင့်ပွဲစဉ်များကို အဆုံးသတ်ကာ အုပ်စု A ၌ ထိပ်ဆုံးနေရာဖြင့် ကွာတားဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့ပြီဖြစ်သည်။
ပထမပိုင်းကို ကြာရှည်စွာ ထိန်းချုပ်ထားနိုင်ခဲ့သည့် တရုတ်အသင်းအနေဖြင့် ပွဲကစားချိန် ၂၉ မိနစ်တွင် ကွင်းလယ်လူ ရှောင်းယာဖေး၏ အဝေးကန်ချက်ဖြင့် ဂိုးသွင်းယူခဲ့ပြီး ပထမပိုင်း၌ ၁-၀ ဂိုးဖြင့် ဦးဆောင်နိုင်ခဲ့သည်။
ဒုတိယပိုင်းတွင် မည်သည့်အသင်းကမျှ ဂိုးမသွင်းနိုင်ခဲ့သော်လည်း ထိုင်းအသင်းက တိုက်စစ်ဆင်ရန် အခွင့်အရေးများ တဖြည်းဖြည်း ဖန်တီးနိုင်ခဲ့ပြီး ကွင်းလယ်ဖိအားပေးမှု ပိုမိုအားကောင်းလာခြင်းနှင့် ထိရောက်သော ပေါင်းစပ်ကစားပုံတို့မှတစ်ဆင့် အကြိမ်ပေါင်းများစွာ တိုက်စစ်ဆင်နိုင်ခဲ့သည်။
အဆိုပါအောင်ပွဲမှာ တရုတ်အသင်း၏ အုပ်စုအဆင့်တွင် ရှုံးပွဲမရှိစံချိန်ကို ပိုမိုခိုင်မာစေခဲ့ပြီး ရှုံးထွက်အဆင့်သို့ တက်ရောက်နိုင်စေခဲ့သည်။ တရုတ်အသင်းအနေဖြင့် အုပ်စု B သို့မဟုတ် အုပ်စု C မှ တတိယနေရာရရှိသည့် အသင်းနှင့် ဧပြီ ၁၁ ရက်၌ ရင်ဆိုင်ရမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

ထိုင်းနိုင်ငံ Pathum Thani မြို့တွင် ကျင်းပသည့် ၂၀၂၆ ခုနှစ် အေအက်ဖ်စီ ယူ၂၀ အမျိုးသမီး အာရှဖလားပြိုင်ပွဲတွင် တရုတ်အသင်းနှင့် ထိုင်းအသင်းတို့၏ အုပ်စု A ပွဲစဉ်အတွင်း ထိုင်းအသင်းမှ မက်ဒီဆင်ဂျိတ်ကက်စတင်းနှင့် ယှဉ်ပြိုင်ကစားနေသည့် တရုတ်အသင်းမှ ရှဲ့ကျုံးမေ (ယာ) ကို ၂၀၂၆ ခုနှစ် ဧပြီ ၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ထိုင်းနိုင်ငံ Pathum Thani မြို့တွင် ကျင်းပသည့် ၂၀၂၆ ခုနှစ် အေအက်ဖ်စီ ယူ၂၀ အမျိုးသမီး အာရှဖလားပြိုင်ပွဲတွင် တရုတ်အသင်းနှင့် ထိုင်းအသင်းတို့၏ အုပ်စု A ပွဲစဉ်အတွင်း ထိုင်းအသင်းမှ အာခီရာယာ ယဉ်ဆာကူလ်နှင့် ယှဉ်ပြိုင်ကစားနေသည့် တရုတ်အသင်းမှ ဝမ်အိုက်ဖောင်း (ယာ) ကို ၂၀၂၆ ခုနှစ် ဧပြီ ၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

………………
English Version
China beats Thailand to claim top spot in Group A at AFC U20 Women’s Asian Cup
BANGKOK, April 7 (Xinhua) — China concluded its group-stage campaign at the 2026 AFC U20 Women’s Asian Cup with a 1-0 victory over host Thailand at Thammasat Stadium on Tuesday, advancing to the quarterfinals as the top finisher in Group A.
Controlling the game for long stretches of the first half, China broke the deadlock in the 29th minute when midfielder Xiao Yafei scored with a long-range strike to give her side a 1-0 lead at halftime.
Neither side scored in the second half, although Thailand gradually created more attacking opportunities and threatened several times through stronger midfield pressing and effective combination play.
The win extended China’s unbeaten run in the group stage and sent it into the knockout stage. China will face the third-place finisher from Group B or Group C on April 11. ■
English Caption 1
Yu Xingyue (C) of China breaks through during the group A match between China and Thailand at the 2026 AFC U20 Women’s Asian Cup in Pathum Thani, Thailand, April 7, 2026. (Xinhua/Rachen Sageamsak)
English Caption 2
Xie Zongmei (R) of China vies with Madison Jade Casteen of Thailand during the group A match between China and Thailand at the 2026 AFC U20 Women’s Asian Cup in Pathum Thani, Thailand, April 7, 2026. (Xinhua/Rachen Sageamsak)
English Caption 3
Wang Aifang (R) of China vies with Achiraya Yingsakul of Thailand during the group A match between China and Thailand at the 2026 AFC U20 Women’s Asian Cup in Pathum Thani, Thailand, April 7, 2026. (Xinhua/Rachen Sageamsak)