China
ကျိန့်လိဝန် ဦးဆောင်သော တရုတ်ကူမင်တန်ပါတီအဖွဲ့ ဆွန်ယက်ဆင် ဂူဗိမာန်သို့ သွားရောက်၍ ဂါရဝပြု
နန်ကျင်း၊ ဧပြီ ၈ ရက် (ဆင်ဟွာ)
တရုတ်ကူမင်တန်ပါတီ (KMT) ဥက္ကဋ္ဌ ကျိန့်လိဝန် ဦးဆောင်သော ကူမင်တန်ပါတီအဖွဲ့သည် ဆွန်ယက်ဆင် ဂူဗိမာန်သို့ ဧပြီ ၈ ရက် နံနက်ပိုင်းတွင် သွားရောက်၍ ဂါရဝပြုခဲ့သည်။
ဆွန်ယက်ဆင် ဂူဗိမာန်သည် တရုတ်နိုင်ငံ နန်ကျင်းမြို့ အရှေ့ဆင်ခြေဖုံးရှိ ကျစ်ကျင်းတောင်ခြေတွင် တည်ရှိသည်။ ၁၉၂၅ ခုနှစ်တွင် တရုတ်ဒီမိုကရေစီတော်လှန်ရေး၏ ကြီးမြတ်လှသော ရှေ့ဆောင်ပုဂ္ဂိုလ်ဖြစ်သည့် မစ္စတာ ဆွန်ယက်ဆင်သည် ပေကျင်းမြို့၌ ကွယ်လွန်ခဲ့ပြီး ၁၉၂၉ ခုနှစ်တွင် ယင်းနေရာ၌ ဂူသွင်းသင်္ဂြိုဟ်ခဲ့သည်။ မစ္စတာ ဆွန်ယက်ဆင်၏ ဂူဗိမာန်ရှိသည့်နေရာအနေဖြင့် ဆွန်ယက်ဆင် ဂူဗိမာန်သည် ပြည်တွင်းပြည်ပ တရုတ်လူမျိုးများ၏ ကြည်ညိုလေးစားမှုကို ရရှိပေသည်။
ဆွန်ယက်ဆင် ဂူဗိမာန်ကို အရိုအသေပြု၊ ဂါရဝပြုခြင်းသည် အစဉ်သဖြင့် တရုတ်ကူမင်တန်ပါတီ (KMT) ဥက္ကဋ္ဌများ တရုတ်နိုင်ငံ ပြည်မကြီးသို့ ခရီးစဉ်လာရောက်ကြသည့် အရေးကြီးခရီးစဉ် ဖြစ်သည်။ ကျိန့်လိဝန်၏ ယခုခရီးစဉ်သည် တရုတ်ကူမင်တန်ပါတီ (KMT) ဥက္ကဋ္ဌအနေဖြင့် ဆယ်စုနှစ်တစ်ခုခြားပြီးနောက် ပါတီအဖွဲ့အား ဦးဆောင်ကာ တရုတ်နိုင်ငံ ပြည်မကြီးသို့ ထပ်မံလာရောက်ခြင်း ဖြစ်သည်။ ခရီးစဉ်ကာလမှာ ၆ ရက် ကြာမြင့်မည်ဖြစ်ပြီး ကျန်းဆူး၊ ရှန်ဟိုင်း၊ ပေကျင်းသို့ သွားရောက်လည်ပတ်မည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

—————–
(Chinese Version)
郑丽文率中国国民党访问团拜谒中山陵
新华社南京4月8日电(记者赵博、王承昊)4月8日上午,中国国民党主席郑丽文率领国民党访问团拜谒中山陵。
中山陵位于南京东郊紫金山麓。1925年,中国民主革命的伟大先驱孙中山先生在北京逝世,1929年安葬于此。作为孙中山先生的陵寝所在地,中山陵深受海内外中华儿女景仰。
拜谒中山陵一直是中国国民党主席来大陆参访的重要行程。郑丽文此行是中国国民党主席时隔10年再次率团访问大陆。行程为期6天,访问团将到访江苏、上海、北京。(完)
1. 4月8日上午,中国国民党主席郑丽文率领国民党访问团拜谒中山陵。 新华社记者 邢广利 摄
