Connect with us

International Organizations

စစ်ပွဲအရှိန်မြင့်တက်လာနိုင်သည့် နောက်ခံအခြေအနေတွင် လုံခြုံရေးကောင်စီက မှားယွင်းသော အချက်ပြမှု လုပ်ဆောင်၍မရကြောင်း တရုတ်ကိုယ်စားလှယ် ဆို

နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံးချုပ်တွင် တရုတ်နိုင်ငံ အမြဲတမ်းကိုယ်စားလှယ် ဖုချုံး (အရှေ့တန်းအလယ်) က လုံခြုံရေးကောင်စီ၌ ဟော်မုဇ်ရေလက်ကြားနှင့် သက်ဆိုင်သော ဆုံးဖြတ်ချက်မူကြမ်းနှင့်စပ်လျဉ်း၍ မဲခွဲစဉ် ကန့်ကွက်မဲပေးနေသည်ကို ၂၀၂၆ ခုနှစ် ဧပြီ ၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကုလသမဂ္ဂ၊ ဧပြီ ၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အမြဲတမ်းကိုယ်စားလှယ် ဖုချုံးက ဧပြီ ၇ ရက်တွင် လုံခြုံရေးကောင်စီ၌ ဟော်မုဇ်ရေလက်ကြားနှင့် သက်ဆိုင်သော ဆုံးဖြတ်ချက်မူကြမ်းနှင့်စပ်လျဉ်း၍ မဲခွဲပြီးနောက် ရှင်းလင်းပြောကြားရာတွင် အီရန်အပေါ် အတင်းအဓမ္မသွတ်သွင်းထားသောစစ်ပွဲ တစ်ဆင့်တိုးအရှိန်မြင့်တက်လာနိုင်မှု အလွန်မြင့်မားသည့် နောက်ခံအခြေအနေအောက်တွင် ဆုံးဖြတ်ချက်မူကြမ်းကို အတည်ပြုလိုက်မည်ဆိုပါက အင်မတန်မှားယွင်းသော အချက်ပြမှု လုပ်ဆောင်လိုက်မည်ဖြစ်ကာ အလွန်အမင်းဆိုးရွားသော နောက်ဆက်တွဲဆိုးကျိုးများ ပေါ်ထွက်လာနိုင်ကြောင်း ပြောကြားခဲ့သည်။
အီရန်စစ်ပွဲ ဆက်တိုက်ဖြစ်ပွားနေသည်မှာ တစ်လကျော်ကြာပြီဖြစ်ပြီး ပြင်ပသို့ယိုလျှံသက်ရောက်မှုများ အဆက်မပြတ် ပျံ့နှံ့နေကြောင်း၊ ဒေသတွင်းနှင့် ကမ္ဘာကြီး တည်ငြိမ်အေးချမ်းမှုအပေါ် ဆိုးရွားသော ထိုးနှက်မှုဖြစ်ခြင်း၊ ကမ္ဘာ့စီးပွားရေး တိုးတက်မှုအပေါ် ပိုမိုကျယ်ပြန့်သော နှောင့်ယှက်မှုဖြစ်ခြင်းတို့ကြောင့် ယင်းသည် ဒေသတွင်းနိုင်ငံနှင့် နိုင်ငံတကာအသိုင်းအဝိုင်း၏ ဘုံအကျိုးစီးပွားနှင့် ကိုက်ညီမှုမရှိကြောင်း ဖုချုံးက ပြောကြားခဲ့သည်။

အဆိုပါစစ်ပွဲ၏ အမှားအမှန်သည် ရှင်းလင်းကွဲပြားကြောင်း၊ အမေရိကန်နှင့် အစ္စရေးတို့သည် လုံခြုံရေးကောင်စီ၏ ခွင့်ပြုချက်မရရှိဘဲ အီရန်-အမေရိကန် ဆွေးနွေးညှိနှိုင်းမှု လုပ်ဆောင်နေဆဲတွင်ပင် အီရန်အပေါ် လက်နက်အင်အားဖြင့်တိုက်ခိုက်မှု လုပ်ဆောင်ခဲ့ရာ ကုလသမဂ္ဂ ပဋိညာဉ်စာတမ်း၏ ရည်ရွယ်ချက်အခြေခံမူနှင့် နိုင်ငံတကာဆက်ဆံရေး အခြေခံစံနှုန်းကို သိသိသာသာချိုးဖောက်နေကြောင်း ၎င်းက‌ ပြောကြားခဲ့သည်။
ဖုချုံးက လက်ရှိအခြေအနေအောက်တွင် ထိုဆုံးဖြတ်ချက်မူကြမ်းသည် စစ်ပွဲ၏အရင်းခံကို ရှင်းလင်းသေချာအောင် လုပ်ဆောင်၍ အဆိုပါအရင်းခံနှင့် ရေကြောင်းသွားလာရေး ဘေးကင်းလုံခြုံမှုအား ဖြေရှင်းရန် မှန်ကန်သောနည်းလမ်းရှာဖွေပြီး ငြိမ်းချမ်းရေးဆွေးနွေးရန်၊ ငြိမ်းချမ်းရေးဖော်ဆောင်ရန်အတွက် ကြိုးပမ်းသင့်ကြောင်း၊ ဝမ်းနည်းဖွယ်ကောင်းသည်မှာ ဆုံးဖြတ်ချက်မူကြမ်းသည် ပဋိပက္ခအရင်းခံနှင့် အခြေအနေတစ်ရပ်လုံးကို ဘက်စုံထောင့်စုံနှင့် ဟန်ချက်ညီညီ ဖော်ပြနိုင်ခြင်းမရှိဘဲ တစ်ဖက်သတ် ပြစ်တင်ရှုတ်ချ ဖိအားပေးမှု၊ နိုင်ငံတကာငြိမ်းချမ်းရေးနှင့် လုံခြုံရေးအပေါ် ခြိမ်းခြောက်သည်ဟု သတ်မှတ်မှု၊ လက်နက်အင်အားဖြင့် ရေကြောင်းသွားလာမှုအား စောင့်ရှောက်ပေးမှု စသည့် အကြောင်းအရာများနှင့် သက်ဆိုင်နေသောကြောင့် အလွယ်တကူပုံပြောင်း၍ အလွဲသုံးစားလုပ်ခြင်းပင် ခံရနိုင်ကြောင်း ပြောကြားခဲ့သည်။
လုံခြုံရေးကောင်စီ၏ လှုပ်ရှားမှုသည် အခြေအနေအခင်းအကျင်း အရှိန်ပြေလျော့လာရေးအတွက် ဦးတည်ရမည်ဖြစ်ပြီး ခွင့်ပြုထားခြင်းမရှိသော စစ်ရေးလှုပ်ရှားမှုအပေါ် တရားဝင်သည့် အရေခွံခြုံပေး၍မရသလို လက်နက်အင်အားအသုံးပြုမှုအတွက် ခွင့်ပြုချက်ထုတ်ပေး၍မရသည့်အပြင် ပဋိပက္ခ အရှိန်မြင့်တက်လာအောင် ကွဲလွဲမှုများတိုးပွားစေမှု၊ မီးလောင်ရာလေပင့်မှုတို့လည်း လုပ်ဆောင်၍မရကြောင်း၊ လုံခြုံရေးကောင်စီအနေဖြင့် ဘက်အသီးသီးက ပြင်းပြင်းထန်ထန် စိုးရိမ်နေဆဲဖြစ်သည့် ဆုံးဖြတ်ချက်မူကြမ်းကို အလောတကြီး မဲခွဲဆုံးဖြတ်၍မရကြောင်း၊ အထက်ပါ ပြောကြားချက်များကြောင့် တရုတ်ဘက်က ဆုံးဖြတ်ချက်မူကြမ်းအတွက် မဖြစ်မနေ ကန့်ကွက်မဲပေးလိုက်ရကြောင်း ၎င်းက ဆိုသည်။

ယင်းသည် မူလကမဖြစ်ပွားသင့်သည့်စစ်ပွဲတစ်ခုဖြစ်ပြီး ဆက်လက်ဖြစ်ပွားခြင်းသည် အဆုံးမသတ်နိုင်သော ဆိုးကျိုးများသာဖြစ်လာမည်ဖြစ်ကြောင်း၊ လက်ရှိတွင် အရှေ့အလယ်ပိုင်းအခင်းအကျင်းသည် ဆက်လက်ဆိုးရွားနေဆဲဖြစ်ပြီး စစ်ပွဲသည်လည်း ဆက်လက်အရှိန်မြင့်တက်နေကြောင်း၊ ဟော်မုဇ်ရေလက်ကြား ရေကြောင်းဖြတ်သန်းသွားလာမှုပြဿနာကို ဖြေရှင်းခြင်း၏ အရင်းခံမှာ အမြန်ဆုံး အပစ်ရပ်၍ စစ်ပွဲရပ်တန့်ရန်ဖြစ်ကြောင်း၊ အမေရိကန်နှင့် အစ္စရေးသည် ထိုပဋိပက္ခအား စတင်လုပ်ဆောင်သူဖြစ်ပြီး ဟော်မုဇ်ရေလက်ကြားဖြတ်သန်းသွားလာမှု အတားအဆီးဖြစ်ခြင်း၏ အရင်းခံအကြောင်းရင်းမှာ အမေရိကန်နှင့် အစ္စရေးက အီရန်အပေါ် တရားမဝင်စစ်ရေးလှုပ်ရှားမှုကြောင့်ဖြစ်ကြောင်း ဖုချုံးက ပြောကြားခဲ့သည်။
တရုတ်နိုင်ငံအနေဖြင့် အမေရိကန်နှင့် အစ္စရေးက အီရန်အပေါ် တရားမဝင်စစ်ပွဲလုပ်ဆောင်သည့် လုပ်ရပ်ကို ချက်ချင်းရပ်တန့်ရန် ပြင်းပြင်းထန်ထန် တိုက်တွန်းကြောင်း၊ တစ်ချိန်တည်းတွင် တရုတ်နိုင်ငံအနေဖြင့် အီရန်ဘက်မှ ပင်လယ်ကွေ့ဒေသနိုင်ငံများ၏ သက်ဆိုင်ရာအဆောက်အဦများအး တိုက်ခိုက်မှုကို ရပ်တန့်ရန်၊ ပင်လယ်ကွေ့ဒေသနိုင်ငံများ၏ သဘောထားလျော်ကန်သော စိုးရိမ်မှုအား ထည့်သွင်းစဉ်းစားရန်၊ ကမ္ဘာ့တောင်ဘက်ခြမ်း ဘုံအကျိုးစီးပွားအတွက် ရှုမြင်ကာ အပြုသဘောဆောင်သော အစီအမံများလုပ်ဆောင်ပြီး ဟော်မုဇ်ရေလက်ကြား ပုံမှန်ဖြတ်သန်းသွားလာမှုကို အမြန်ဆုံး ပြန်လည်ဖော်ဆောင်ရန် တိုက်တွန်းကြောင်း ၎င်းက ပြောကြားခဲ့သည်။
လတ်တလောကာလအတွင်း တရုတ်နိုင်ငံသည် ပင်လယ်ကွေ့နှင့် အရှေ့အလယ်ပိုင်းဒေသ ငြိမ်းချမ်းတည်ငြိမ်မှုအတွက် ကြီးမားသောကြိုးပမ်းမှု လုပ်ဆောင်ခဲ့ကြောင်း၊ တရုတ်နှင့် ပါကစ္စတန်တို့သည် ပင်လယ်ကွေ့နှင့် အရှေ့အလယ်ပိုင်းဒေသ ငြိမ်းချမ်းတည်ငြိမ်မှု ပြန်လည်ဖော်ဆောင်ရေးနှင့်စပ်လျဉ်းသည့် အချက်ငါးချက်ပါ အဆိုပြုချက်ကို အတူတကွထုတ်ပြန်ခဲ့ကြောင်း၊ တရုတ်-ပါကစ္စတန် အချက်ငါးချက်ပါ အဆိုပြုချက်သည် တံခါးဖွင့်ထားပြီး နိုင်ငံအသီးသီးနှင့် နိုင်ငံတကာအဖွဲ့အစည်းများ တုံ့ပြန်ပါဝင်ရန် ကြိုဆိုကြောင်း ဖုချုံးက ထောက်ပြပြောကြားခဲ့သည်။

ဘက်အသီးသီး၏ သက်ဆိုင်ရာ ပြဿနာအားဖြေရှင်းရန်လိုအပ်ချက်အား ထည့်သွင်းစဉ်းစားမိသဖြင့် ရုရှားနှင့် တရုတ်နိုင်ငံတို့သည် လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်မူကြမ်းကို အဆိုပြုခဲ့ကြောင်း၊ ယင်းမူကြမ်း၏ အကြောင်းအရာသည် ဓမ္မဓိဋ္ဌာန်ကျ၍ တရားမျှတမှုရှိကာ တင်းမာနေသောအခြေအနေ ပြေလျော့ရန်၊ ဆွေးနွေးညှိနှိုင်းမှုကို တိုက်တွန်းရန်၊ ရေကြောင်းဖြတ်သန်းသွားလာခွင့်နှင့် လွတ်လပ်ခွင့်ကို ကာကွယ်ထိန်းသိမ်းရန် ရည်ရွယ်ထားပြီး လုံခြုံရေးကောင်စီ အဖွဲ့ဝင်များ၏ ထောက်ခံအားပေးမှု ရရှိရန် မျှော်လင့်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ဘက်အသီးသီးနှင့်အတူ ဒေသတွင်း တည်ငြိမ်အေးချမ်းမှု ဆောလျင်စွာ ပြန်လည်ဖော်ဆောင်ရေးအတွက် ပိုမိုကြီးမားသော အကျိုးထမ်းဆောင်သွားလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

——————
(Chinese Version)
中国代表:安理会不能在战事可能升级背景下发出错误信号
新华社联合国4月7日电 中国常驻联合国代表傅聪7日在安理会表决涉霍尔木兹海峡决议草案后的解释性发言中表示,在这场强加于伊朗的战事极有可能进一步升级的背景下,决议草案如获通过,将发出极为错误信号,产生极为严重后果。
傅聪说,伊朗战事延宕月余,外溢影响持续扩散蔓延,对地区和世界和平稳定造成严重冲击,对全球经济发展产生愈加广泛的干扰,这不符合地区国家和国际社会的共同利益。这场战事的是非曲直十分清楚,美国和以色列未经安理会授权,在伊美谈判正在进行当中,对伊朗发动武力袭击,明显违背联合国宪章宗旨原则和国际关系基本准则。
傅聪说,当前形势下,这份决议草案应明确这场战事的根源,寻求解决这一根源和航道安全的正确办法,并为劝和促谈、实现和平而努力。遗憾的是,决议草案未能全面、平衡反映冲突的根源和全貌,有关片面谴责施压、定性为对国际和平与安全的威胁,以及武力护航等内容,极易被曲解甚至滥用。安理会的行动应着眼于缓局降温,而不能给未经授权的军事行动披上合法外衣,不能给使用武力开通行证,更不能进一步激化矛盾、火上浇油,导致冲突升级。安理会不应仓促表决各方仍存严重关切的决议草案。鉴于上述,中方不得不对决议草案投下反对票。
傅聪强调,这是一场本不应该发生的战争,持续下去贻害无穷。当前,中东局势仍在恶化,战事还在升级。解决霍尔木兹海峡通航问题的根本是尽快停火止战。美国和以色列是这场冲突的始作俑者,霍尔木兹海峡通航受阻的根本原因是美国和以色列对伊朗的非法军事行动。中方强烈呼吁美国和以色列立即停止对伊朗的非法战争行为。与此同时,中方呼吁伊朗停止攻击海湾国家有关设施,照顾海湾国家合理关切,着眼全球南方共同利益,采取相应积极举措,尽快恢复霍尔木兹海峡正常通航。
傅聪指出,近段时间,中方为恢复海湾和中东地区和平稳定作出巨大努力。中国和巴基斯坦共同发表关于恢复海湾和中东地区和平稳定的五点倡议。中巴五点倡议是开放的,欢迎各国和国际组织响应参与。考虑到各方对解决有关问题的需要,俄罗斯同中国共同提出了安理会决议草案。这一草案内容客观公正,致力于缓和紧张局势、呼吁对话谈判、维护航行权利与自由,希望得到安理会成员支持。中方愿同各方一道,为早日恢复地区和平稳定作出更大贡献。(完)
图说:4月7日,在位于纽约的联合国总部,中国常驻联合国代表傅聪(前排中)在安理会就一项涉及霍尔木兹海峡的决议草案进行表决时投反对票。新华社记者 谢锷 摄