China
ဟန်ကျိန့်နှင့် ပေါ်တူဂီလွှတ်တော်ဥက္ကဋ္ဌ Aguiar-Branco တွေ့ဆုံဆွေးနွေး
ပေကျင်း၊ ဧပြီ ၈ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ဒုတိယသမ္မတ ဟန်ကျိန့်သည် ပေါ်တူဂီနိုင်ငံ လွှတ်တော်ဥက္ကဋ္ဌ Aguiar-Branco နှင့် ဧပြီ ၈ ရက်တွင် ပေကျင်းမြို့၌ တွေ့ဆုံဆွေးနွေးခဲ့သည်။
ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် ဟန်ကျိန့်က လွန်ခဲ့သည့်လတွင် သမ္မတ ရှီကျင့်ဖိန်သည် သမ္မတအဖြစ်တာဝန် ထမ်းဆောင်သည့် António José Seguro ထံသို့ ဝမ်းမြောက်ကြောင်း ဂုဏ်ပြုသဝဏ်လွှာပေးပို့ခဲ့ရာ နှစ်ဖက်အနေဖြင့် မဟာဗျူဟာမြောက် ညှိနှိုင်းဆွေးနွေးမှုကို အားဖြည့်ရန်၊ အဆင့်မြင့် အပြန်အလှန်ယုံကြည်မှုကို ခိုင်မာစေရန်၊ အရည်အသွေးမြင့် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန် အလေးထားပြောကြားခဲ့သလို တရုတ်-ပေါ်တူဂီ ဘက်စုံ မဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေး တိုးတက်ရန်အတွက် ဦးတည်ချက်ကို ရှင်းလင်းစွာပြောကြားခဲ့ကြောင်း ပြောကြားခဲ့သည်။
တရုတ်နိုင်ငံအနေဖြင့် ပေါ်တူဂီနိုင်ငံနှင့်အတူ နှစ်နိုင်ငံအကြီးအကဲများ၏ မဟာဗျူဟာလမ်းညွှန်မှုကို လေးစားလိုက်နာရန်၊ အဆင့်မြင့် အပြန်အလှန်ယုံကြည်မှု ခိုင်မာစေရန်၊ သန့်ရှင်းစွမ်းအင်၊ ဒစ်ဂျစ်တယ်စီးပွားရေး၊ ဉာဏ်ရည်တု၊ ဆေးဝါးနှင့်ကျန်းမာရေး စသည့်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ရန်၊ မကာအိုကို ပလက်ဖောင်းအဖြစ်ထားရှိသော ပူးပေါင်းဆောင်ရွက်မှုကို အတူတကွ တိုးချဲ့ရန် ဆန္ဒရှိကြောင်း၊ တရုတ်-ဥရောပ မိတ်ဖက်အနေအထားကို ခိုင်ခိုင်မာမာတွန်းအားပေးရန်၊ နိုင်ငံတကာ စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်မှုကို ထိန်းသိမ်းရန်၊ တရုတ်-ပေါ်တူဂီ ပူးပေါင်းဆောင်ရွက်သော တည်ငြိမ်မှု၊ အပြန်အလှန်အကျိုးဖြစ်ထွန်းမှု၊ တံခါးဖွင့်လှစ်မှုဖြင့် တရုတ်-ဥရောပ ပူးပေါင်းဆောင်ရွက်မှုနှင့် ကမ္ဘာ့ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးရေးအတွက် အပြုသဘောစွမ်းအင်များ ပိုမိုဖြည့်တင်းသွားရန် ဆန္ဒရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။
Aguiar-Branco က ပေါ်တူဂီ-တရုတ် နှစ်နိုင်ငံသည် အဆင့်မြင့်မားသော အပြန်အလှန်ယုံကြည်မှုများ ရှိကြောင်း၊ ပေါ်တူဂီနိုင်ငံအနေဖြင့် “တစ်နိုင်ငံ စနစ်နှစ်မျိုး” မူဝါဒကို မကာအို၌ အောင်မြင်စွာ ဖော်ဆောင်မှုအား တန်ဖိုးထားချီးကျူးကြောင်း၊ နှစ်ဖက်လက်တွေ့ပူးပေါင်းဆောင်ရွက်မှုများနှင့် ဘက်ပေါင်းစုံ ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုများ တစ်ဆင့်တိုးမြှင့်တင်နိုင်မည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

တရုတ်နိုင်ငံ ဒုတိယ သမ္မတ ဟန်ကျိန့်နှင့် ပေါ်တူဂီနိုင်ငံ လွှတ်တော်ဥက္ကဋ္ဌ Aguiar-Branco တို့ တရုတ်နိုင်ငံ ပေကျင်းမြို့တွင် ၂၀၂၆ ခုနှစ် ဧပြီ ၈ ရက်က တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)
——————
(Chinese Version)
韩正会见葡萄牙议长阿吉亚尔-布兰科
新华社北京4月8日电 国家副主席韩正8日在京会见葡萄牙议长阿吉亚尔-布兰科。
韩正表示,上个月,习近平主席致电祝贺塞古罗总统就职,强调双方要加强战略沟通,巩固高水平互信,促进高质量合作,为中葡全面战略伙伴关系发展指明了方向。中方愿同葡方一道,遵循两国元首的战略引领,筑牢高水平互信,促进清洁能源、数字经济、人工智能、医药健康等领域合作,共同拓展以澳门为平台的合作,推动中欧坚持伙伴定位,维护国际团结协作,以中葡合作的稳定性、互利性、开放性,为中欧合作以及世界和平发展注入更多正能量。
阿吉亚尔-布兰科表示,葡中拥有高水平互信,葡方赞赏“一国两制”在澳门成功实践,希望进一步促进双边务实合作和多边沟通协作。(完)
1. 4月8日,国家副主席韩正在北京会见葡萄牙议长阿吉亚尔-布兰科。新华社记者 姚大伟 摄
