Connect with us

Europe

တရုတ်နိုင်ငံ အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်မှုက စွမ်းအင်ဈေးကွက်အကျပ်အတည်း ထိုးနှက်မှု၏ ခံနိုင်ရည်ကို မြှင့်တင်ပေးဟု ရုရှားမီဒီယာဖော်ပြ

တရုတ်နိုင်ငံ အတွင်းမွန်ဂိုလီးယားဒေသ ထုန်းလျောင်မြို့ ခဲအယ်ချင့် ကျော်ရိ ဟုတ်ချီရှိ ခယ်အယ်ချင့်သဲကန္တာရ “တရုတ်မူ (Mu) ၂၀၀” အထွေထွေစီမံခန့်ခွဲမှုလုပ်ငန်းစဉ်၏ နူကူစီးထိုင်စီမံကိန်းဇုန် စိမ်းလန်းစိုပြည်နေပုံကို ၂၀၂၄ ခုနှစ် ဩဂုတ် ၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မော်စကို၊ ဧပြီ ၈ ရက် (ဆင်ဟွာ)

ရုရှားအစိုးရအဖွဲ့အစည်း သတင်းစာ Rossiyskaya Gazeta သည် မကြာသေးမီက ရုရှားနိုင်ငံရေးသုံးသပ်သူ Georgy Bovt ၏ သုံးသပ်ချက်ဆောင်းပါးကို ဖော်ပြရာ တရုတ်နိုင်ငံအနေဖြင့် စွမ်းအင်ဖွဲ့စည်းပုံ အသွင်ပြောင်းမှုနှင့် စွမ်းအင်သစ်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုကို အရှိန်မြှင့်ဖော်ဆောင်လျက်ရှိပြီး အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်မှုကို ဆက်တိုက်မြှင့်တင်ခြင်းဖြင့် တရုတ်နိုင်ငံက ရေနံနှင့်သဘာဝဓာတ်ငွေ့ ဈေးကွက်အကျပ်အတည်းထိုးနှက်မှု၏ခံနိုင်ရည်ကို မြှင့်တင်ရန် စွဲမြဲစွာလုပ်ဆောင်လျက်ရှိသည်ဟု ဆိုခဲ့သည်။ ဆောင်းပါးအနှစ်ချုပ်မှာ အောက်ပါအတိုင်းဖြစ်သည်။

တစ်ကမ္ဘာလုံးစွမ်းအင်ဈေးကွက်က ပထဝီနိုင်ငံရေးပဋိပက္ခ၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ဈေးနှုန်း မငြိမ်မသက်မှုတို့ကြောင့် သက်ရောက်ခံရမှုပြင်းထန်လာသည့် နောက်ခံအခြေအနေတွင် တရုတ်နိုင်ငံသည် ပိုမိုရှေရှည်ဖြစ်သောအနာဂတ်ကို မျက်နှာမူ၍ စွမ်းအင်အမျိုးစုံလင်မှုဖော်ဆောင်ရန် တွန်းအားပေးကာ လေစွမ်းအင်၊ နေရောင်ခြည်စွမ်းအင် စသည့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်များကို အင်တိုက်အားတိုက် ဖော်ဆောင်လျက်ရှိသည်။
တရုတ်နိုင်ငံသည် တစ်ကမ္ဘာလုံးတွင်အကြီးဆုံး၊ ဖွံ့ဖြိုးတိုးတက်မှု အမြန်ဆုံးဖြစ်သော ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်စနစ်ကို တည်ဆောက်ပြီးဖြစ်ကာ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် စက်တပ်အင်အား အချိုးအဆသည် ၆၀ ရာခိုင်နှုန်းခန့်ရှိသည်။ နေရောင်ခြည်စွမ်းအင်နှင့် လေအားလျှပ်စစ်စက်ရုံတို့၏ တည်ဆောက်မှုသည် အင်မတန်မြန်ဆန်လှသည်။ တရုတ်နိုင်ငံသည် ဓာတ်အားလိုင်းကွန်ရက်၊ စွမ်းအင်သိုလှောင်မှု စသည်တို့တွင် ရင်းနှီးမြှုပ်နှံမှုကိုလည်း စဉ်ဆက်မပြတ်တိုးမြှင့်ကာ စွမ်းအင်သစ် အသုံးပြုသိုလှောင်မှုစွမ်းရည်နှင့် ဓာတ်အားစနစ်တည်ငြိမ်မှုကို တစ်ဆင့်တိုးမြှင့်တင်လျက်ရှိသည်။

တရုတ်နိုင်ငံသည် တစ်ကမ္ဘာလုံးလျှပ်စစ်ကားနယ်ပယ်တွင် ဦးဆောင်နေရာ၌ ဆက်လက်ရပ်တည်လျက်ရှိသည်။ တရုတ်နိုင်ငံတွင် လျှပ်စစ်ကား၏ ကားအသစ်အရောင်းပမာဏ အချိုးအဆ အဆက်မပြတ်မြင့်တက်လာရာ ဈေးကွက်ပမာဏနှင့် ဈေးနှုန်းအားသာချက်များ သိသာထင်ရှားပြီး အညွှန်းကိန်းအမျိုးမျိုးသည်လည်း ဥရောပ၊ အမေရိကန်တို့ထက် များစွာကျော်လွန်နေသည်။
ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ဖွံ့ဖြိုးတိုးတက်လာခြင်း၊ လျှပ်စစ်ကားအသုံးပြုမှုများလာခြင်းနှင့် စွမ်းအင်ဖွဲ့စည်းပုံ စဉ်ဆက်မပြတ် တိုးတက်ကောင်းမွန်လာခြင်းတို့ကြောင့် တရုတ်နိုင်ငံသည် ရေနံနှင့် သဘာဝဓာတ်ငွေ့ဈေးကွက် အကျပ်အတည်းထိုးနှက်မှု၏ခံနိုင်ရည်ကို တစ်ဆင့်တိုး မြှင့်တင်သွားမည်ဖြစ်သည်။ (Xinhua)

တရုတ်နိုင်ငံ အန်းဟွေးပြည်နယ် Sinopec အထွေထွေစွမ်းအင်စခန်းအတွင်းရှိ EV ကား အားသွင်းနေရာ၌ အားသွင်းစခန်းခေါင်မိုးကိုလည်း နေရောင်ခြည်စွမ်းအင် ဓာတ်အားပေးစခန်းအဖြစ် ပြုလုပ်ထားသည်ကို ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

———————
(Chinese Version)
全球瞭望|俄媒:中国绿色发展提升抵御能源市场危机冲击的能力
新华社莫斯科4月8日电(刘恺 陈纪言)俄罗斯政府机关报《俄罗斯报》日前刊发俄政治分析人士博夫特的评论文章说,中国正加快推进能源结构转型和新能源产业发展,坚持绿色发展持续提升中国抵御油气市场危机冲击的能力。文章摘要如下:
在全球能源市场受地缘政治冲突和油气价格波动影响加剧的背景下,中国正着眼于更长远的未来,致力于推动实现能源多元化,大力发展风能、太阳能等可再生能源。
中国已建成全球最大、发展最快的可再生能源体系,可再生能源装机占比约60%。太阳能和风力发电厂的建设速度非常快。中国还持续加大对电网、储能等的投资,进一步提升新能源消纳能力和电力系统稳定性。
中国继续保持在全球电动汽车领域的领先地位。在中国,电动汽车在新车销量中的占比不断提高,市场规模和价格优势明显,各项指标远超欧美。
随着可再生能源发展、电动汽车普及以及能源结构持续优化,中国将进一步提升抵御油气市场危机冲击的能力。(完)
图说1:这是在内蒙古通辽市科尔沁左翼后旗,科尔沁沙地“双百万亩”综合治理工程努古斯台项目区内绿意盎然(2024年8月3日摄,无人机照片)。新华社记者 连振 摄
图说2:这是安徽石油大众综合能源站内的充电车棚,车棚也可作为光伏发电站(2023年11月17日摄,无人机照片)。新华社记者 周牧 摄