Connect with us

Asia

တရုတ်ကုမ္ပဏီ ရင်းနှီးမြှုပ်နှံသော လာအို နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစီမံကိန်း စတင်လည်ပတ်

လာအိုနိုင်ငံ မြို့တော်ဗီယင်ကျန်းတွင် ကျင်းပသော China General Nuclear Power Group (CGNPC) လာအိုနိုင်ငံမြောက်ပိုင်း အပြန်အလှန်ချိတ်ဆက်သော သန့်ရှင်းစွမ်းအင်စခန်း ပထမအဆင့်စီမံကိန်း ၁,၀၀၀ မဂ္ဂါဝပ် နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစီမံကိန်း စတင်လည်ပတ်ခြင်း အခမ်းအနားကို ၂၀၂၆ ခုနှစ် ဧပြီ ၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

 

ဗီယင်ကျန်း၊ ဧပြီ ၉ ရက် (ဆင်ဟွာ)

China General Nuclear Power Group (CGNPC) လာအိုနိုင်ငံမြောက်ပိုင်း အပြန်အလှန်ချိတ်ဆက်သော သန့်ရှင်းစွမ်းအင်စခန်း ပထမအဆင့်စီမံကိန်း ၁,၀၀၀ မဂ္ဂါဝပ် နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစီမံကိန်း စတင်လည်ပတ်ခြင်း အခမ်းအနားကို ဧပြီ ၇ ရက်တွင် လာအိုနိုင်ငံ မြို့တော်ဗီယင်ကျန်း၌ ကျင်းပခဲ့သည်။ အဆိုပါအခမ်းအနားသို့ လာအိုနိုင်ငံ ဝန်ကြီးချုပ် Sonexay Siphandone နှင့် တရုတ်-လာအိုနှစ်ဖက်မှ သက်ဆိုင်ရာအစိုးရနှင့် လုပ်ငန်းကုမ္ပဏီ ကိုယ်စားလှယ် ၂၀၀ ကျော် တက်ရောက်ခဲ့သည်။
အဆိုပါစီမံကိန်းသည် လာအိုနိုင်ငံ Oudomxay ပြည်နယ် Muang Xay ခရိုင်နှင့် Muang Namo ခရိုင်တွင် တည်ရှိပြီး ခန့်မှန်းခြေ တစ်နှစ်ပျမ်းမျှ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုပမာဏမှာ ၁.၆၅ ဘီလီယံ ကီလိုဝပ်နာရီရှိကာ ကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်လွှတ်မှု တန်ချိန် ၁.၃ သန်းခန့် လျှော့ချခြင်းနှင့်ညီမျှသည်။
လာအိုနိုင်ငံ စက်မှုနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Malaythong Kommasith က အမှာစကား ပြောကြားရာ၌ စီမံကိန်းသည် လာအို-တရုတ် လျှပ်စစ်ဓာတ်အား အပြန်အလှန်ချိတ်ဆက်မှု အကောင်အထည်ဖော် ထိရောက်မှုကို တွန်းအားပေးနိုင်ရုံသာမက လာအိုနိုင်ငံအတွက်လည်း အလုပ်အကိုင်အခွင့်အလမ်းများစွာ ဖန်တီးပေးပြီး သက်ဆိုင်ရာလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုကို တစ်ပါတည်းဖော်ဆောင်ကြောင်း၊ စီမံကိန်းဘက် စာရင်းကောက်ယူမှုအရ စီမံကိန်းတည်ဆောက်မှု အထွတ်အထိပ်ကာလတွင် ဒေသတွင်းအတွက် အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၃,၀၀၀ နီးပါး ဖန်တီးပေးကြောင်း ပြောကြားခဲ့သည်။
CGNPC ကုမ္ပဏီ ဥက္ကဋ္ဌ ယန်ချန်လိက ၂၀၂၆ ခုနှစ်သည် “တရုတ်-လာအိုချစ်ကြည်ရေးနှစ်” ဖြစ်ကြောင်း၊ CGNPC အနေဖြင့် လာအိုနိုင်ငံမြောက်ပိုင်း ပြည်နယ်ငါးခု၏ နောက်ဆက်တွဲသန့်ရှင်းစွမ်းအင်စီမံကိန်းများကို အရှိန်မြှင့်ဖော်ဆောင်ပြီး သန့်ရှင်းစွမ်းအင်ပူးပေါင်းဆောင်ရွက်မှုဖြင့် ပိုမိုနီးကပ်သော တရုတ်-လာအို အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်မှုအတွက် ပိုမိုကြီးမားသော အကျိုးထမ်းဆောင်ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

——————–
(Chinese Version)
中企投资的老挝光伏项目投运
新华社万象4月8日电(记者马淮钊 赵旭)中广核老挝北部互联互通清洁能源基地一期100万千瓦光伏项目投运大会7日在老挝首都万象举行,老挝总理宋赛及中老双方相关政府和企业代表200余人出席活动。
该项目位于老挝乌多姆赛省孟赛县和那磨县,预计年均发电量16.5亿千瓦时,等效减排二氧化碳约130万吨。
老挝工贸部长玛莱通在致辞中表示,项目不仅推动老中电力互联互通落地见效,也为老挝创造大量就业机会,带动相关产业发展。据项目方统计,项目建设高峰期为本地提供岗位近3000个。
中国广核集团有限公司董事长杨长利表示,2026年是“中老友好年”,中广核将加快推进老挝北部五省后续清洁能源项目落地,以清洁能源合作为构建更加紧密的中老命运共同体贡献更大力量。(完)
图说:这是4月7日在老挝首都万象拍摄的,中广核老挝北部互联互通清洁能源基地一期100万千瓦光伏项目投运大会现场。新华社发(凯乔摄)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.