Connect with us

Asia

အကြမ်းဖက်မှုတိုက်ဖျက်ရေးတွင် တရုတ်နိုင်ငံက ဖိလစ်ပိုင်နိုင်ငံအား အခိုင်အမာ ထောက်ပံ့မည်

ဖိလစ်ပိုင်နိုင်ငံတွင် ယခင်ကဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှုတစ်ခုအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

မနီလာ၊ ဇန်နဝါရီ ၃၀ ရက် (ဆင်ဟွာ)

ဖိလစ်ပိုင် တောင်ပိုင်းမှ ခရစ်ယာန်ဘုရားရှိခိုးကျောင်းနှစ်ကျောင်း ဗုံးခွဲတိုက်ခိုက်ခံရပြီးနောက်ပိုင်း အကြမ်းဖက်အစွန်းရောက် ဝါဒဆန့်ကျင်သောတိုက်ပွဲအတွက် ဖိလစ်ပိုင်အစိုးရနှင့် ပြည်သူများအား တရုတ်နိုင်ငံက အခိုင်အမာထောက်ပံ့မှု ပေးမည်ဖြစ်ကြောင်း ဇန်နဝါရီလ ၂၉ ရက်နေ့တွင် ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Zhao Jianhusက ပြောကြားခဲ့သည်။

Suluပြည်နယ် Joloမြို့တွင် ဇန်နဝါရီ ၂၇ရက်နေ့က ပေါက်ကွဲမှုများဖြစ်ပွားခဲ့ပြီး ဒဏ်ရာရရှိသူများနှင့် သေဆုံးခဲ့သူများ၏ မိသားစုများသို့ တရုတ်အစိုးရအနေဖြင့် စိတ်မကောင်းကြောင်းနှင့် အလွန်ဝမ်းနည်းကြောင်းကို ဖော်ပြခဲ့သည်ဟု တရုတ်နှစ်သစ်ကူးဧည့်ခံပွဲ မိန့်ခွန်းတွင် Zhaoက ထုတ်ဖော်ပြောကြားခဲ့သည်။

အကြမ်းဖက်ဝါဒအပါအဝင် အကြမ်းဖက်တိုက်ခိုက်မှုအားလုံးကို ဆန့်ကျင်တိုက်ခိုက်နေသော ဖိလစ်ပိုင်အစိုးရနှင့် ဖိလစ်ပိုင် ပြည်သူများအား တရုတ်အစိုးရက အခိုင်အမာထောက်ပံ့မှု ထပ်ပေးမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ဖိလစ်ပိုင် တောင်ပိုင်း Suluပြည်နယ်တွင် ဇန်နဝါရီ ၂၇ ရက်နေ့က ခရစ်ယာန်ဘုရား ဗုံးခွဲတိုက်ခိုက်ခံရမှုကြောင့် လူပေါင်း ၁၀၀ကျော် ဒဏ်ရာရရှိပြီး ၂၁ ဦးသေဆုံးခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.