Connect with us

Asia

မလေးရှားနိုင်ငံ ဘုရင်သစ်အဖြစ် ဆူလ်တန် အဗ္ဗဒူလာ ကျမ်းသစ္စာကျိန်ဆို

မလေးရှားနိုင်ငံ၏ ၁၆ ဦးမြောက် ဘုရင် ဆူလ်တန် အဗ္ဗဒူလာ ဆူလ်တန် အာမတ် ရှာအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ကွာလာလမ်ပူ၊ ဇန်နဝါရီ ၃၁ ရက် (ဆင်ဟွာ)

မလေးရှားနိုင်ငံ၏ ၁၆ ဦးမြောက် ဘုရင်အဖြစ် ဆူလ်တန် အဗ္ဗဒူလာ ဆူလ်တန် အာမတ် ရှာ (Sultan Abdullah Sultan Ahmad Shah) သည် ဇန်နဝါရီလ ၃၁ ရက်တွင် နန်းတော်၌ ပြုလုပ်သည့် အခမ်းအနား၌ ကျမ်းသစ္စာကျိန်ဆိုခဲ့ကြောင်း သိရသည်။

အဗ္ဗဒူလာသည် အခြားသော ဘုရင်ခံများ၏ ရှေ့မှောက်တွင် ကျမ်းသစ္စာကျိန်ဆိုခြင်းနှင့် တာဝန်အပ်နှင်းခြင်းအား လက်မှတ်ရေးထိုးခြင်း ပြုလုပ်ခဲ့သည်။

မလေးရှားနိုင်ငံ ပါဟန်းပြည်နယ် ဘုရင်ခံလည်းဖြစ်သော အဗ္ဗဒူလာသည် ဒုတိယနိုင်ငံခေါင်းဆောင်အဖြစ် ပီရတ်ပြည်နယ် ဘုရင်ခံ ဆူလ်တန်နာဇရင်း (Sultan Nazrin) နှင့်အတူ လာမည့်ငါးနှစ်တာအတွက် တာဝန်ထမ်းဆောင်သွားမည် ဖြစ်သည်။

ဘုရင်သစ် ရာထူးအပ်နှံခြင်းအခမ်းအနားသို့ မလေးရှားနိုင်ငံ ဝန်ကြီးချုပ် မဟာသီယာ မိုဟာမက် (Mahathir Mohamad) လည်း ၎င်း၏ အစိုးရအဖွဲ့နှင့်အတူ တက်ရောက်ခဲ့သည်။

အသက် ၅၉ နှစ်အရွယ်ရှိပြီဖြစ်သော အဗ္ဗဒူလာသည် အားကစားတွင် ထဲထဲဝင်ဝင် ပါဝင်မှုရှိပြီး အာဆီယံ ဘောလုံးအဖွဲ့ချုပ် (AFF) ၏ ကောင်စီဝင်တစ်ဦးလည်း ဖြစ်သလို ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) ကောင်စီဝင် တစ်ဦးလည်း ဖြစ်သည်။ ထို့ပြင် ၎င်းသည် မလေးရှားနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌလည်း ဖြစ်သည်။

၎င်းအား ဇန်နဝါရီလ ၆ ရက်က ဘုရင်ဟောင်းဖြစ် ကက်လန်တန်ပြည်နယ် ဘုရင်ခံလည်းဖြစ်သူ ဆူလ်တန် မူဟာမက် ၅ (Sultan Muhammad V) ရာထူးမှ နုတ်ထွက်ခဲ့ပြီးနောက် တာဝန်ပေးအပ်ခြင်းခံခဲ့ရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.