Connect with us

Videos

ရှန်ဟိုင်းရှိ Hongqiao ရထားဘူတာရုံအတွင်း5 G ကွန်ရက်ထောက်ပံ့ပေးမည်

ရှန်ဟိုင်း၊ ဖေဖော်ဝါရီ ၂ဝ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ ရှန်ဟိုင်းရှိ Hongqiao ရထားဘူတာရုံအတွင်း ယခုနှစ်အတွင်း 5 G ကွန်ရက်နည်းပညာ ကို ထောက်ပံ့ပေးတော့မည်ဟု ကြေညာချက်ထုတ်ပြန်ခဲ့ကြောင်း သိရသည်။ အဆိုပါ ကြေညာချက်ကို China Mobile Shanghai နှင့် Huawei တို့က ပူးတွဲကြေညာခဲ့ခြင်းဖြစ်သည်။ 5G ကွန်ရက်နည်းပညာ မှာ မြန်နှုန်းအလွန်မြင့်မားပြီး HD quality ရှိ 2GB အရွယ်အစား ရုပ်ရှင်ကားတစ်ကားကို စက္ကန့်၂ဝ ဖြင့် download အပြီးအစီးဆွဲနိုင်မည်ဟုသိရသည်။ Hongqiao ရထားဘူတာရုံမှာ အာရှတိုက်အတွင်း အကြီးဆုံးနှင့် ခရီးသည်အများဆုံးသွားလာသည့် ဘူတာရုံတစ်ခုဖြစ်ပြီး နှစ်စဉ် ခရီးသွားပေါင်း သန်း ၆ဝ ခန့် အဝင်အထွက်ပြုလုပ်လျက်ရှိသည်။ ခရီးသွားကာလများတွင် တစ်ရက်အတွင်းခရီးသည်ပေါင်း သုံးသိန်းသုံးသောင်းခန့်ဝင်ထွက်သွားလာခဲ့သည်။ ၂ဝ၁၉ ခုနှစ်အကုန်လောက်တွင် 5 G ကွန်ရက်နည်းပညာကို ဘူတာတစ်ခုလုံးတွင် အသုံးပြုနိုင်ရန်စီစဉ်ဆောင်ရွက်လျက်ရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.