Connect with us

Sport

မြန်မာ့အားကစား ပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် National Sport Seminar ၏ ရလဒ်များအတိုင်း အမြန်ဆုံး ဆောင်ရွက်ရန် ပြည်ထောင်စုဝန်ကြီးတိုက်တွန်း

အားကစားနှင့် ကာယပညာသိပ္ပံကျောင်းများဖွံ့ဖြိုးတိုးတက်ရေးအစည်းအဝေး ကျင်းပစဉ်(MOI)

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၂ ရက် (ဆင်ဟွာ)

မြန်မာ့အားကစား ပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျင်းပခဲ့သည့် National Sport Seminar ၏ ရလဒ်များအတိုင်း အမြန်ဆုံး ဆောင်ရွက်ရန်အရေးကြီးကြောင်း နေပြည်တော်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားသည်။

အားကစားနှင့် ကာယပညာသိပ္ပံကျောင်းများမှ နှစ်စဉ် တိုးတက်မှု ရလဒ်ကောင်းမွန်မှု၊ ထိရောက်မှု၊ ပြည်တွင်းနည်းပြများနှင့် နိုင်ငံခြား နည်းပြများ၏အရည်အသွေး၊ သင်ကြားပြသမှုအရည်အသွေးများ အဆင့်မီမှု၊ လေ့ကျင့်ရေး ကျောင်းသားများ နေထိုင်စားသောက်ရေး ကောင်းမွန်ပြည့်စုံမှု၊ အားကစားသမား တစ်ဦးချင်းစီအလိုက် လစဉ်တိုးတက်မှု စသည်ဖြင့် အခြေအနေအရပ်ရပ်ကို အဘက်ဘက်မှ ပြန်လည်ဆန်းစစ်သုံးသပ်လျက်ရှိပြီး ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ယင်း အား/ကာသိပ္ပံ ကျောင်းများနှင့် စပ်လျဉ်း၍ ဆောင်ရွက်ရမည့် အချက်များကို ဦးစားပေး သတ်မှတ်ချက်အလိုက် အမြန်ဆုံးတာဝန်များ ခွဲဝေဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အား/ကာသိပ္ပံကျောင်းများတွင် သင်ကြား လေ့ကျင့်ရာ၌ သာမန်ကျောင်းများတွင် သင်ကြားသကဲ့သို့ စာပေပညာရပ်များကို သင်ကြားနေရသဖြင့် အားကစားသမားများ အနေဖြင့် ပိုမိုခက်ခဲပင်ပန်းကာ စာပေပညာတွင်သာမက အားကစားတွင်ပါ အောင်မြင်မှုရရှိရန် ခက်ခဲလျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောသည်။

ဦးစီးဌာနနှင့် အားကစားသိပ္ပံကျောင်းများ အနေဖြင့် သင်ရိုးညွှန်းတမ်းများကို စနစ်တကျ အသေးစိတ်ရေးဆွဲ၍ ပြုစုသင်ကြား ရမည်ဖြစ်ပြီး အားကစားနည်းသင်ရိုးပြီးမြောက်မှုသင်တန်းဆင်းလက် မှတ်ပေးရန်နှင့် ပညာရေး ကောင်စီ၏ အသိအမှတ်ပြုမှုရရှိရေးကို အဆင့်ဆင့် ဆောင်ရွက်ရ မည်ဖြစ်ကြောင်း၊ အား/ကာသိပ္ပံကျောင်းများမှ ပြီးမြောက် အောင်မြင်သူများ အလုပ်အကိုင် အခွင့်အလမ်းရရှိရေးနှင့် ဘဝအာမခံချက်ရရှိရေး တို့ကို ဝန်ကြီးဌာနမှ အစီအစဉ် ချမှတ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။အားကစားနှင့် ကာယပညာသိပ္ပံကျောင်းများဖွံ့ဖြိုးတိုးတက်ရေးနှင့် မြန်မာ့အားကစား ပိုမိုတိုးတက်ရန် အထောက်အကူပြုရေး ညှိနှိုင်းအစည်းအဝေးကို ဖေဖော်ဝါရီ ၂၁ရက် မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အစည်း အဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.