Connect with us

Education & Health

မြန်မာ့ အားကစား ဖွံ့ဖြိုးရန် သုတေသန လုပ်ငန်းများ မေလ တွင် စတင်မည်

မြန်မာ့ အားကစား ဖွံ့ ဖြိုး တိုးတက်ရေးအတွက် ဗဟိုအဆင့် ညှိနှိုင်း အစည်းအဝေးတွင် ကျန်းမာရေးနှင့် အားကစား ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး မိန့် ခွန်း ပြောကြားနေစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဧပြီ ၅ ရက် (ဆင်ဟွာ)

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်၏ လမ်းညွှန်မှုအရ ပြည်သူအများ ပါဝင်မည့် မြန်မာ့အားကစား ဖွံ့ဖြိုးရေး လုပ်ငန်းများအတွက် မရှိမဖြစ် လိုအပ်နေသည့် သုတေသန လုပ်ငန်းများကို မေလ ဆန်းတွင် စတင် ဆောင်ရွက်မည်ဟုကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ မြင့်ထွေးက နေပြည်တော်ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၌ယနေ့နေ့လယ်တွင် ပြုလုပ်သောအစည်းအဝေးတွင်ပြောကြားခဲ့သည်။

အားကစားမှာ နှစ်ပိုင်း ရှိပြီး ပထမ အပိုင်းက ပြည်သူများသည် အားကစားကို စိတ်ဝင်စားပြီး အားကစား လုပ်ကြရမည် ဖြစ်ကြောင်း၊ သို့မှသာ တစ်တိုင်းပြည်လုံး ကျန်းမာနိုင်မည်ဖြစ် ကြောင်း၊ဒုတိယ အပိုင်းမှာ ပြိုင်ပွဲများ အောင်နိုင်ရေးဖြစ်ကြောင်း၊ နှစ်ခုစလုံးတွင် ပြည်သူများ ပါဝင်လာဖို့လိုအပ်ကြောင်း၊ ထိုသို့ပါဝင်လာရေးအတွက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က လမ်းညွှန်ထားပါကြောင်းလည်း ပြည်ထောင်စုဝန်ကြီးက မီဒီယာက ိုဖြေကြားခဲ့သည်။

“အာရှပွဲတွေမှာ နိုင်ချင်ကြတယ်၊ အောင်နိုင်ရေးမှာ အများအားဖြင့် ပြိုင်ပွဲဆိုတာ လောဘကြီး တတ်တယ်၊ လောဘကြီးလို့မရပါဘူး၊ ကိုယ် လက်တွေ့မှာ ဘယ်လောက် လုပ်နိုင်မလဲ၊ ဘယ်လောက် နိုင်နိုင်သလဲ၊ လုပ်နိုင်တာ ၁၀ ခု ရှိရင် ပထမ သုံးခု လေးခုကို လုပ်ဖို့လိုအပ်ပါ တယ်၊ အဲဒါကို မြို့နယ် အားကစားမှူးးတွေ တိုင်ပင်ပြီးတင်ပြပါ၊ ကျွန်တော် ပံ့ပိုးပေးပါမယ်၊ အားကစား သိပ္ပံတွေက လုပ်ချင်တာ cost effective ဖြစ်လား၊ အားကစားသိပ္ပံက လေ့ကျင့်နည်းစနစ်တွေက လက်တွေ့မှာ အကျိုးရှိရဲ့လား၊ တိုင်းနဲ့ပြည်နယ် အဆင့်ဝင် ဘယ်နှစ် ယောက် ထွက်လာသလဲ စတာတွေကို ချိန်ဆကြမယ်။

ရန်ကုန်၊ မန္တလေးက အားကစားသိပ္ပံ တွေကို သွားပြီးလေ့လာဖို့လိုတယ်၊ အဲဒါတွေကို အမြန်ဆုံး Brain Storm လုပ်ကြဖို့၊ တွေ့ရ တဲ့ အားသာချက် အားနည်းချက်တွေအပေါ် ဘာတွေ လုပ်သင့်တယ်၊ မလုပ်သင့်ဘူး ဆိုတာ တွေကို လာမယ့် လေးနှစ် စီမံကိန်းထဲမှာ ထည့်ပြီး ဆောင်ရွက်ကြမယ်” ဟုလည်း ၎င်းက အစည်း အဝေး တက်ရောက်လာသူများကို ပြောကြားခဲ့သည်။ယနေ့အစည်းအဝေးသို့ မြန်မာနိုင်ငံအားကစား အဖွဲ့ချုပ်များ ပြန်လည်ဖွဲ့စည်းရေး အတွက် စိစစ်ရေး အဖွဲ့ဝင်များ ဖြစ်သည့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှကျွမ်းကျင်သူ ပညာရှင် ဒေါက်တာ မြလေးစိန်၊ အားကစားနှင့် ကာယပညာဦးစီးဌာနညွှန်ကြားရေးမှူးချုပ်(ငြိမ်း)ဦးအောင်ဒင်၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ(ငြိမ်း) ဦးဘန်နီ တင်အောင်၊ မြန်မာနိုင်ငံ ဘော်လီဘောအဖွဲ့ချုပ်အတွင်းရေးမှူးး(ငြိမ်း) ဦးစိုးသိမ်းတို့နှင့်အတူ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့်အားကစားမှူးးများတက်ရောက်ကြပြီးဒေါက်တာမြလေးစိန်၊ ဦးအောင်ဒင်၊ဦးဘန်နီတင်အောင်နှင့် ဦးစိုးသိမ်းတို့က မြန်မာ့ အားကစား တိုးတက်ရေးအတွက် အကြံပြု စကားများ ပြောကြားခဲ့ကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.