Connect with us

Sport

မြန်မာနိုင်ငံမှအိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် အာရှ ယူ၁၆ အမျိုးသမီး ဘောလုံးခြေစစ်ပွဲစဉ်ဒုတိယအဆင့် ပွဲစဉ်များကိုဖေဖော်ဝါရီလ ၂၇ ရက်နေ့မှ မတ်လ ၃ ရက်နေ့အထိ ပြုလုပ်မည်

မြန်မာ့လက်ရွေးစင်ယူ-၁၆ အမျိုးသမီးဘောလုံးအသင်းလေ့ကျင့်မှုများပြုလုပ်နေစဉ် (ဓာတ်ပုံ--MFF)

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄ ရက် (ဆင်ဟွာ)

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့ မန္တလာသီရိကွင်း တွင် မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် AFC U-16 Women’s Championship 2019 ဘောလုံးခြေစစ်ပွဲစဉ် ဒုတိယအဆင့်ပွဲများကို ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှ မတ်လ ၃ ရက်နေ့အထိ ပြုလုပ်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သတင်းထုတ်ပြန်သည်။

မြန်မာနိုင်ငံတွင်ကျင်းပမည့် အာရှ ယူ၁၆ အမျိုးသမီး ဘောလုံးခြေစစ်ပွဲစဉ် အုပ်စု(ခ)တွင် တရုတ်နိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ဖိလစ်ပိုင်နိုင်ငံ နှင့် မြန်မာနိုင်ငံတို့မှ ပါဝင်ခြေစမ်းကစားကြမည်ဖြစ်သည်။

၎င်းဘောလုံးခြေစမ်းပွဲစဉ်များကို My Sports facebook စာမျက်နှာ နှင့် မြဝတီရုပ်မြင်သံကြားတို့တွင် တိုက်ရိုက်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။ လက်မှတ်များဝယ်ယူကြည့်ရှုလိုပါက လက်မှတ်ဈေးနှုန်းမှာ ကျပ်၁၀၀၀၊ ကျပ်၂၀၀၀ ဖြစ်ကြောင်း သိရသည်။

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.