Connect with us

Politics, Law & Military

အာဖရိက နိုင်ငံ၏ ဖွံ့ဖြိုးမှုအား ချီးကျူးလိုက်ပြီး ထောက်ပံ့ကူညီမှုများ ဆက်လက် ပံ့ပိုးသွားမည်ဟု သမ္မတ ရှီကျင့်ဖိန် မိန့်ခွန်းပြော

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် တောင်အာဖရိက နိုင်ငံ ဂျိုဟန်နက်စ်ဘာ့ဂ်တွင် ပြလုပ်သည့် တရုတ်-အာဖရိက ထိပ်သီး အစည်းအဝေး၌ မိန့်ခွန်း ပြောကြားနေစဉ် (ဆင်ဟွာ)

ဂျိုဟန်နက်စ်ဘာ့ဂ်၊ ဒီဇင်ဘာ ၄ ရက် (ဆင်ဟွာ)

အာဖရိကတိုက်၏ လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်မှုအား တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ချီးကျူးလိုက် သလို ဖွံ့ဖြိုးမှု နိမ့်ကျသည့် အာဖရိက နိုင်ငံများ၏ ချေးငွေများအား လျှော်ပစ်ပေးမည် ဖြစ်ကြောင်းနှင့် ပမာဏ အမေရိကန် ဒေါ်လာ ၆၀ ဘီလီယံရှိသည့် ငွေကြေး ထောက်ပံ့မှုအား အာဖရိကသို့ ပေးအပ်သွားမည် ဖြစ်ကြောင်း ဒီဇင်ဘာလ ၄ ရက်၌ ဂျိုဟန်နက်စ်ဘာ့ဂ်တွင် ပြုလုပ်သည့် တရုတ်-အာဖရိက ထိပ်သီး အစည်းအဝေး၌ သမ္မတ ရှီကျင့်ဖိန်က မိန့်ခွန်း ပြောကြားလိုက်သည်။

အမေရိကန် ဒေါ်လာ ၆၀ ဘီလီယံ ငွေကြေး ထောက်ပံ့မှုတွင် ထောက်ပံ့ငွေနှင့် အတိုးမဲ့ေ ချးငွေ အမေရိကန် ဒေါ်လာ ၅ ဘီလီ ယံ၊ အတိုးနှုန်း သက်သာသည့် ချေးငွေနှင့် Export Credit Line ဒေါ်လာ ၃၅ ဘီလီယံ၊ တရုတ်-အာဖရိက ဖွံ့ဖြိုးမှု ရန်ပုံငွေ အမေရိကန် ဒေါ်လာ ၅ ဘီလီယံ၊ အာဖရိက အက်စ်အမ်အီး အထူးချေးငွေ အမေရိကန် ဒေါ်လာ ၅ ဘီလီယံနှင့် တရုတ်-အာဖရိက ကုန်ထုတ်လုပ်မှု စွမ်းရည် ရန်ပုံငွေ အမေရိကန် ဒေါ်လာ ၁၀ ဘီလီယံ စသည်တို့ ပါဝင်သည်။

ထို့ပြင် လာမည့် သုံးနှစ်အတွင်း တရုတ်-အာဖရိက ပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်ရန်အတွက် အဓိက အစီအစဉ် ၁၀ ခုအားလည်း သမ္မတ ရှီက ကြေညာခဲ့သည်။ ယင်းအစီအစဉ်တွင် စက်မှုလုပ်ငန်း ထူထောင်ရေး၊ စိုက်ပျိုးရေး ဆိုင်ရာ ခေတ်မီ ဆန်းသစ်ခြင်း၊ အခြေခံ အဆောက်အအုံ၊ ငွေကြေးဆိုင်ရာ ဝန်ဆောင်မှု၊ သဘာဝ ပတ်ဝန်းကျင် စိမ်းလန်း စိုပြေရေး ဆိုင်ရာ ဖွံ့ဖြိုးမှု၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု လွယ်ကူစေရေး၊ ဆင်းရဲမွဲတေမှု လျှော့ချ ရေးနှင့် အများပြည်သူ သက်သာ ချောင်ချိရေး၊ ပြည်သူ့ကျန်းမာရေး၊ ပြည်သူ အချင်းချင်း ဖလှယ်ရေးနှင့် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး စသည့် နယ်ပယ်များ ပါဝင်သည်။
ပညာရေး ထောက်ပံ့မှု အစီအစဉ် နှင့် ပတ်သက်၍ အာဖရိကန် ကျွမ်းကျင်ပညာရှင် ၂၀၀,၀၀၀ အား သင်တန်း ပေးသွားမည် ဖြစ်ပြီး အာဖရိက တိုက်သား ၄၀,၀၀၀ ကိုလည်း တရုတ်နိုင်ငံ၌ ပညာသင်ကြားရန် ဖိတ်ခေါ် သွားမည် ဖြစ်ကြောင်း၊ ဘွဲ့ရ ပညာသင် ၂,၀၀၀၊ အစိုးရ ပညာသင်ဆု ၃၀,၀၀၀ နှင့် မီဒီယာသမား ၁,၀၀၀ ကိုလည်း သင်တန်း ပေးရန်ရှိကြောင်း ရှီက ပြောကြားခဲ့သည်။
ထို့ပြင် အယ်လ်နီညို ဒဏ် ခံစားခဲ့ရသည့် အာဖရိက နိုင်ငံများအတွက် အစားအသောက် အကူအညီ ယွမ်ငွေ ၁ ဘီလီယံ ထောက်ပံ့ပေးအပ်မည် ဖြစ်ကြောင်း သမ္မတ ရှီက ကြေညာလိုက်သည်။
တရုတ်- အာဖရိက ဆက်ဆံရေး ပိုမိုကျယ်ပြန့်ပြီး မဟာဗျူဟာမြောက်သည့် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက် အဖြစ် မြှင့်တင်သွားရန် သမ္မတ ရှီက အဆိုပြုထားသည်။
ယခု တောင်အာဖရိကနိုင်ငံ ဂျိုဟန်နက်စ်ဘာ့ဂ်တွင် ပြုလုပ်လျက်ရှိသည့် တရုတ်-အာဖရိက ပူးပေါင်းဆောင် ရွက်မှုဖိုရမ် (Forum on China-Africa Coorperation= FOCAC) သည် နှစ်ပေါင်း ၁၅ နှစ်အတွင်း ဒုတိယ အကြိမ်မြောက် ကျင်းပခြင်း ဖြစ်ပြီး ဒီဇင်ဘာလ ၄ ရက်မှ ၅ ရက် အထိ ကျင်းပမည် ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.