Connect with us

Politics, Law & Military

တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် FOCAC summit တွင် အမှာစကားပြောကြားခြင်းကို ဆင်ဟွာမြန်မာဝက်ဘ်ဆိုဒ်တွင်တိုက်ရိုက်ထုတ်လွှင့်မည်

ဂျိူဟန်းနက်ဘာ့ဂျ် ၊ ဒီဇင်ဘာ (၃) ရက် (ဆင်ဟွာ)

အာရှ-ပစိဖိတ် ပူးပေါင်းဆောင်ရွက်မှု ဖိုရမ် (FOCAC) အား ယနေ့ မြန်မာစံတော်ချိန် နေ့လည် (၂းဝဝ) အချိန်တွင် ဂျိုဟန်နက်စ်ဘာ့ဂ် မြို့(Johannesburg) တွင် ပြုလုပ်မည်ဖြစ်ပြီး တရုတ်နိုင်ငံ သမ္မတရှီကျင့်ဖိန် (Xi Jinping) မှ ပူးတွဲ သဘာပတိ အဖြစ် ပြုလုပ်မည် ဖြစ်ပြီး အမှာစကားလည်း ပြောကြားမည်ဖြစ်သည်။ ထို အစီအစဉ်အား ဆင်ဟွာ မြန်မာဝက်ဘ်ဆိုဒ်တွင် အချိန်နှင့် တပြေးညီတိုက်ရိုက်ထုတ်လွှင့်မည်ဖြစ်ပါသည်။

၎င်းထုတ်လွှင့်မှုအား အောက်ပါလင့်ခ်တွင် တိုက်ရိုက်ကြည့်ရှု နိုင်ပါသည်။

“ _______________”
ယင်းထိပ်သီး အစည်းအဝေး သည် တရုတ်- အာဖရိက စည်းလုံး ညီညွတ်မှုနှင့် ဘုံ ဖွံ့ဖြိုးမှု ကဏ္ဍသစ် စတင်နိုင်ရေး အတွက် တရုတ်- အာဖရိက ဘက်စုံ ပူးပေါင်းဆောင်ရွက်ရန် သမိုင်းဝင် အစည်းအဝေး ဖြစ်မည်ဟု သမ္မတရှီကျင့်ဖိန်က ယုံကြည်ကြောင်း ပရီတိုးရီးယားတွင် နှစ်နိုင်ငံဆက်ဆံရေးတိုးမြှင့်စေရန် တောင်အာဖရိကသမ္မတ နှင့် ဒီဇင်ဘာလ (၂) ရက်နေ့၌ တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

အဆိုပါ အစည်းအဝေးအား ဒီဇင်ဘာလ ၄ ရက် နှင့် ဒီဇင်ဘာလ ၅ ရက်နေ့ ၂ ရက်ကြာ ကျင်းပမည်ဖြစ်ပြီး ကြေညာစာတမ်း အတည်ပြုရေးနှင့် တရုတ်-အာဖရိက ဆက်ဆံရေး စည်းလုံးညီညွတ်ရေး အတွက် ရည်ရွယ် သည့် လုပ်ငန်း အစီအစဉ် လျာထားရေး စသည်တို့အား လုပ်ဆောင်သွားနိုင်မည်ဟု နှစ်ဖက်ခေါင်းဆောင်များမှ မျှော်လင့်ထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.