Connect with us

Culture & Entertainment

တရုတ်နိုင်ငံ၏ ရှေးဟောင်းအမွေအနှစ်၊ ရှေးဟောင်းအသုံးအဆောင်ပစ္စည်း ၃၆၁ ခုအား ပြန်လည်လွှဲပြောင်းပေးရန် အမေရိကန် ကြေညာ

အမေရိကန်နိုင်ငံ အင်ဒီယားနားပြည်နယ် မြို့တော် အင်ဒီယားနားပိုလိစ်ရှိ အီတယ်ဂျော့ပြတိုက်တွင် ရှေးဟောင်းပစ္စည်းများ ပြသထားသည်ကို ကြည့်ရှုနေသူများအား တွေ့ရစဉ် (ဆင်ဟွာ)

အင်ဒီယားနားပိုလိစ်၊ အမေရိကန်၊ မတ် ၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ ရှေးဟောင်းအမွေအနှစ်များနှင့် ရှေးဟောင်းပစ္စည်း ၃၆၁ ခုအား တရုတ်နိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးရန် အမေရိကန်နိုင်ငံက ဖေဖော်ဝါရီလ ၂၈ ရက်တွင် ပြုလုပ်သော အခမ်းအနားတစ်ခု၌ ကြေညာခဲ့သည်။

အမေရိကန်နိုင်ငံ အင်ဒီယားနားပြည်နယ် မြို့တော် အင်ဒီယားနားပိုလိစ်ရှိ အီတယ်ဂျော့ပြတိုက်တွင် ပြုလုပ်သော အခမ်းအနားတွင် နှစ်နိုင်ငံ တာဝန်ရှိသူများက ရှေးဟောင်းပစ္စည်းများ ပြန်လွှဲပြောင်းခြင်း ပြုလုပ်ခဲ့သည်။

တရုတ်နိုင်ငံသို့ ပြန်လည်လွှဲပြောင်းမည့် ပစ္စည်းများသည် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့သည့် ၂၀၀၉ ခုနှစ်မှစ၍ အမေရိကန်က ရှေးဟောင်းအမွေအနှစ်များနှင့် ရှေးဟောင်းပစ္စည်းများ ပြန်လည်လွှဲပြောင်းပေးခဲ့သည်မှာ အများဆုံးဖြစ်ကြောင်း တရုတ်နိုင်ငံ တာဝန်ရှိသူများက ပြောကြားခဲ့သည်။

ရှေးဟောင်းအမွေအနှစ်များ ပြန်လည်လွှဲပြောင်းပေးခြင်းတွင် အမေရိကန်နိုင်ငံ၏ အားထုတ်ကြိုးပမ်းမှုများ အတွက် တရုတ်နိုင်ငံက ကျေးဇူးတင်ကြောင်း၊ ရှေးဟောင်းအမွေအနှစ်များ ထိန်းသိမ်းရေးနှင့် သတင်းအချက်အလက် မျှဝေခြင်းနှင့် ပြည်သူအချင်းချင်း ဖလှယ်မှုများတွင်လည်း အမေရိကန်နှင့်အတူ ပိုမိုပူးပေါင်းဆောင်ရွက်ရန် မျှော်လင့်ကြောင်း တရုတ်နိုင်ငံ အမျိုးသား ယဉ်ကျေးမှု အမွေအနှစ်ဌာန ဒုတိယညွှန်ကြားရေးမှူး ဟူပင်းက ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.