Connect with us

Culture & Entertainment

တရုတ်နိုင်ငံက မဟာတံတိုင်းကြီး ပြန်လည်ပြင်ဆင်မွမ်းမံရေးစင်တာ တည်ထောင်ရန်ရှိ

တရုတ်နိုင်ငံ၏ မဟာတံတိုင်းကြီးပေါ်သို့ ခရီးသွားဧည့်သည်များ လာရောက်လည်ပတ်နေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မတ် ၁၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ရှေးဟောင်းတံတိုင်းကြီး၏ သုတေသန၊ ပြန်လည်ပြင်ဆင်မွမ်းမံရေးနှင့် ကာကွယ်ရေး ပညာရှင်တို့ပေါင်းစည်းထားသော ပထမဆုံး မဟာတံတိုင်း (Great Wall) ပြန်လည်ပြင်ဆင်မွမ်းမံရေး စင်တာအား မြို့တော် ပေကျင်းတွင် တည်ထောင်မည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ စင်တာတွင် ရှေးဟောင်းသုတေသနပညာရှင်များ၊ ဒီဇိုင်းနာများနှင့် လက်မှုပညာရှင်များက ပေကျင်းမြို့ မြောက်ပိုင်း Huairou ခရိုင်ရှိ မဟာတံတိုင်း၏ Jiankou အပိုင်း ပြင်ဆင်မွမ်းမံရေးအတွက် ရည်မှန်းထားသည့် အစီအစဉ်များအား အတူတကွ လုပ်ဆောင်မည် ဖြစ်ကြောင်း Beijng Daily ကရေးသားထားသည်။

“နည်းလမ်းသစ်က မဟာတံတိုင်းရဲ့ တူးဖော်မှုနဲ့ ကာကွယ်မှုတွေမှာ မခန့်မှန်းနိုင်တာတွေကို ထိရောက်စွာ ကိုင်တွယ်နိုင်မှာပါ” Huairou ခရိုင် ယဉ်ကျေးမှုဆိုင်ရာ ရှေးဟောင်းအမွေအနှစ် စီမံအုပ်ချုပ်ရေး တာဝန်ရှိသူ ကျန်းထုံက ပြောကြားခဲ့သည်။အဆိုပါ စင်တာအနေဖြင့် မဟာတံတိုင်းအား ထိန်းသိမ်းစောင့်ရှောက်ရန် တံတိုင်းအခြေအနေများအား ပုံမှန် စစ်ဆေးမှု လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သတင်းစာ၌ ဖော်ပြထားသည်။Jiankou မဟာတံတိုင်းမှာ ၇,၉၅၂ မီတာ ရှည်လျားပြီး မင်မင်းဆက် (၁၃၆၈-၁၆၄၄) ခေတ်က တည်ဆောက်ခဲ့သည်။ (Xinhua)