Connect with us

Latin America

အီကွေဒေါနိုင်ငံ တောင်အလယ်ပိုင်းတွင် ပြင်းအား ၅.၇ အဆင့် ငလျင်လှုပ်ခတ်

ငလျင်လှုပ်ခတ်မှုကြောင့် နေအိမ်အတွင်းမှ အပြင်ဘက်ဘေးလွတ်ရာသို့ ထွက်လာသူများအား တွေ့ရစဉ် (ဆင်ဟွာ)

ကွီတို၊ မတ် ၂၁ ရက်(ဆင်ဟွာ)

အီကွေဒေါနိုင်ငံ တောင်အလယ်ပိုင်း အမေဇုန် မိုးသစ်တောတွင် မတ် ၂၀ ရက်က ပြင်းအား ၅.၇ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ရာ ၎င်းဒေသနှင့်အနီးပတ်ဝန်းကျင်ဒေသများသည် ငလျင်လှုပ်ခတ်မှုကို ခံစားမိကြောင်းသိရသည်။

လက်ရှိတွင် သေဆုံးဒဏ်ရာရမှုနှင့် ပျက်စီးဆုံးရှုံးမှုစာရင်း မထွက်ရှိသေးကြောင်း သိရသည်။

အဆိုပါ ငလျင်သည် မတ် ၂၀ ရက် ဒေသစံတော်ချိန် ၁၁ နာရီ ၂၃ မိနစ်တွင် Morona-Santiago ပြည်နယ် Sucúa ဒေသ၊ မြေအောက်အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုလှုပ်ခတ်ခဲ့ကြောင်း အီကွေဒေါ နိုင်ငံ ဘူမိရူပ သုတေသနဌာန၏ သတင်းများအရ သိရသည်။

ငလျင်လှုပ်ခတ်မှုအရှိန်ပြင်းထန်သောကြောင့် Sucúa ဒေသရှိ စာသင်ကျောင်းအချို့တွင် ကျောင်းသား များအား ဘေးကင်းရာသို့ ရှင်းလင်းပေးခဲ့ရကြောင်းနှင့် အဆောက်အဦ အတွင်းရှိ နေထိုင်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးခဲ့ကြောင်း သိရသည်။ Morona-Santiago ပြည်နယ် အနီးရှိအချို့ပြည်နယ်များတွင် ငလျင်လှုပ်ခတ်မှုကို ခံစားမိကြောင်း သိရသည်။

အီကွေဒေါနိုင်ငံသည် ပစိဖိတ်သမုဒ္ဒရာ ငလျင်ကြောတွင် တည်ရှိရာ ငလျင်မကြာခဏလှုပ်ခတ်လေ့ ရှိကြောင်း သိရသည်။

(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.