Connect with us

Latin America

ဟွန်ဒူးရပ်စ်နိုင်ငံတွင် သွေးလွန်တုပ်ကွေးရောဂါကြောင့် သေဆုံးသူ ၉ ဦးရှိကြောင်း အတည်ပြု

ဟွန်ဒူးရပ်စ်နိုင်ငံရှိ ဆေးရုံတစ်ရုံ၏မြင်ကွင်းအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

တက်ဂူစီဂါလ်ပါ၊ မတ် ၁၉ ရက် (ဆင်ဟွာ)

ဟွန်ဒူးရပ်စ်နိုင်ငံတွင် ယခုနှစ်အတွင်း သွေးလွန်တုပ်ကွေးရောဂါကြောင့် သေဆုံးသူအနည်းဆုံး ၉ ဦးရှိပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက မတ်လ ၁၈ ရက်က ပြောကြားခဲ့သည်။

“သေဆုံးသူ ၁၄ ဦးရှိတယ်လို့ ကျွန်တော်တို့ သတင်းရရှိထားပါတယ်။ အဲဒီထဲမှာ ၉ ဦးကကို ဓာတ်ခွဲခန်းရလဒ်တွေနဲ့ အတည်ပြုပြီးသွားပါပြီ” ဟု ဝန်ကြီးဌာန၏ စောင့်ကြည့်ရေးအဖွဲ့ အကြီးအကဲ Edith Rodriguez က ပြောကြားခဲ့သည်။

သေဆုံးသူများအနက် အသက် ၃၅ နှစ်အရွယ်တစ်ဦးသာပါရှိပြီး ကျန်သူများမှာ အသက် ၂ နှစ်နှင့် ၁၃ နှစ်ကြား အရွယ်များဖြစ်သည်ဟု ဆိုသည်။

ထို့ပြင် သတိထားရသည့် ရောဂါလက္ခဏာမရှိဘဲ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၄,၂၀၀ ကျော်ရှိခဲ့ကြောင်း ရောဂါပြင်းထန်စွာခံစားရသူ ၁,၁၃၁ ဦးရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ဖော်ပြခဲ့သည်။

ဟွန်ဒူးရပ်စ်နိုင်ငံတွင် ၂၀၁၈ ခုနှစ်၌ သွေးလွန်တုပ်ကွေးဖြစ်ပွားသူ ၉,၁၁၄ ဦးရှိခဲ့ပြီး ယခင်နှစ်က ၅,၂၁၇ ဦးရှိခဲ့သည်။

သွေးလွန်တုပ်ကွေးရောဂါသည် အပူပိုင်းဒေသတွင် ပေါက်ဖွားသည့် ခြင်မှတစ်ဆင့်ကူးစက်တတ်သော ရောဂါဖြစ်ပြီး ရောဂါဖြစ်ပွားပါက အပူကြီးခြင်း၊ ခေါင်းကိုက်ခြင်း၊ အန်ခြင်း၊ ကြွက်သားနှင့် အရိုးအဆစ်များ နာကျင်ခြင်း၊ အရေပြားအဖုအပိမ့်ထွက်ခြင်း စသည့် ရောဂါလက္ခဏာများ တွေ့ရတတ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.