Connect with us

Africa & Middle East

ဆူဒန်နိုင်ငံ ဒါဖာပြည်နယ်ရှိ IDP စခန်းတွင် တိုက်ခိုက်မှုဖြစ်ပွား လူ ၁၄ ဦး သေဆုံး

ဆူဒန်နိုင်ငံ South Darfur ပြည်နယ်ရှိ IDP စခန်းတစ်ခုတွင် နေထိုင်သူများအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ခါတွန်မ်၊ ဧပြီ ၁၅ ရက် (ဆင်ဟွာ)

ဆူဒန်နိုင်ငံ တောင်ပိုင်း ဒါဖာပြည်နယ်ရှိ ဒေသတွင်း ရွှေ့ပြောင်းသွားလာသူများ (IDPs) နေထိုင်ရာ စခန်းတစ်ခုအတွင်း တိုက်ခိုက်မှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၁၄ ဦးသေဆုံးခဲ့ကြောင်း SUNA သတင်းအေဂျင်စီက ဧပြီလ ၁၅ ရက်က သတင်းဖော်ပြခဲ့သည်။

“တိုက်ခိုက်မှုတွေက ဧပြီလ ၁၃ ရက်က ကယ်လ်မာစခန်းထဲမှာဖြစ်ပွားခဲ့ပြီး လူ ၁၄ ယောက်သေသွားတယ်။ South Darfur ပြည်နယ် ယာယီအုပ်ချုပ်ရေးမှူး ဟတ်ရှ်ဟင်မ်း ခါလစ် (Hashim Khalid) ၏ ပြောကြားချက်အား ကိုးကား၍ သတင်း၌ ဖော်ပြထားသည်။

“ဒါဖာပြည်နယ်မှာ အဓိကလက်နက်ကိုင် သူပုန်အဖွဲ့တစ်ခုဖြစ်တဲ့ အဗ္ဗဒူလ်-ဝါဟစ် မိုဟာမက်နာ (ဆူဒန် လွတ်မြောက်ရေး) ရဲ့လှုပ်ရှားမှုအဖွဲ့က သူပုန်အချို့ ရှိနေတဲ့အတွက် စခန်းထဲမှာလက်နက်တွေက နေရာတိုင်းမှာရှိနေတော့ ဒုစရိုက်မှုတွေ ဖြစ်လာစေတယ်” ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

အဆိုပါ စခန်းအား ဒါဖာပြည်နယ်ရှိ ကုလသမဂ္ဂနှင့် အာဖရိကသမဂ္ဂမစ်ရှင်က လုပ်ဆောင်နေခြင်းဖြစ်ပြီး ပြည်နယ်အစိုးရအား စခန်းအတွင်းသို့ ဝင်ရောက်ခွင့်မပြုထားကြောင်း ၎င်းက ပြောကြားခဲ့သည်။

South Darfur ပြည်နယ် မြို့တော် နာယာလာ အရှေ့ဘက် ၁၅ ကီလိုမီတာရှိ ထိုစခန်းသည် ဒါဖာပြည်နယ်တွင် အကြီးဆုံး ရွှေ့ပြောင်းသွားလာသူများနေထိုင်ရာစခန်းဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.