Connect with us

Africa & Middle East

ကွန်ဂို(ကင်ရှာဆာ)နိုင်ငံ အရှေ့ပိုင်းတွင် သင်္ဘောနစ်မြုပ်မှုကြောင့် လူ ၂၀ သေဆုံး

ကွန်ဂို(ကင်ရှာဆာ)နိုင်ငံနှင့် ရ၀မ်ဒါနိုင်ငံ စပ်ကြားတွင် တည်ရှိသော Kivu ရေကန်အား တွေ့ရစဉ်(ဓာတ်ပုံ- အင်တာနက်)

ကင်ရှာဆာ၊ ဧပြီ ၁၇ ရက်(ဆင်ဟွာ)

ကွန်ဂို(ကင်ရှာဆာ)နိုင်ငံ အရှေ့ပိုင်းရှိ Kivuရေကန်တွင် ဧပြီ ၁၅ ရက် ညပိုင်းက သင်္ဘောနစ်မြုပ်မှု ဖြစ်ပွားခဲ့ရာ လက်ရှိတွင် သေဆုံးသူ ၂၀ရှိပြီဖြစ်ပြီး လူပေါင်း ဒါဇင်နှင့်ချီပျောက်ဆုံးနေကြောင်း သိရသည်။

လူပေါင်း တစ်ရာနီးပါးခန့်တင်ဆောင်လာသော အဆိုပါသင်္ဘောသည် ဧပြီလ ၁၅ ရက် ညပိုင်းက Kivu ရေကန်တွင် တိမ်းမှောက်နစ်မြုပ်ခဲ့ခြင်းဖြစ်ကြောင်း ကွန်ဂိုနိုင်ငံ South-Kivuပြည်နယ် အစိုးရအရာရှိတစ်ဦးက ဆိုသည်။ လက်ရှိတွင် လူ ၂၀ သေဆုံးပြီး လူ ၃၀ ကျော်ကို ကယ်ဆယ်ထားကြောင်း သိရသည်။ သင်္ဘောနစ်မြုပ်ရသည့် အကြောင်းရင်းကို အတိအကျ မသိရှိရသေးကြောင်း သိရသည်။

Kivu ရေကန်သည် ကွန်ဂို(ကင်ရှာဆာ)နိုင်ငံနှင့် ရဝမ်ဒါနိုင်ငံ စပ်ကြားတွင်တည်ရှိသည်။ ကွန်ဂို (ကင်ရှာဆာ)တွင် မြစ်ချောင်းအင်းအိုင်များပေါများခြင်းကြောင့် ဒေသခံများ ရေယာဉ်များဖြင့် အဓိကသွားလာလေ့ရှိသည်။ရေယာဉ်များ ယိုယွင်းနေခြင်း၊ဝန်ပိုတင်ဆောင်ခြင်းများကြောင့် ရေယာဉ် နစ်မြုပ်မှုများ မကြာခဏဖြစ်ပွားလေ့ရှိကြောင်း သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117