Culture & Entertainment
တရုတ်တိုင်ပေတွင် အင်အား ၆.၇ အဆင့်ရှိငလျင်လှုပ်ရှား
ပေကျင်း ၊ ဧပြီ ၁၈ ရက် (ဆင်ဟွာ)
တရုတ်တိုင်ပေ၊ ဟွားလျန် ဒေသအနီးရှိ ပင်လယ်ပြင်တွင် အင်အား ၆.၇ အဆင့်ရှိ သည့် ငလျင်တစ်ခု ဧပြီလ ၁၈ ရက်၊ မွန်းလွဲ ၁း၀၁နာရီ တွင် လှုပ်ရှားခဲ့ကြောင်း တရုတ်ငလျင်ကွန်ယက်ဌာန (CENC) ၏ ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါငလျင်သည် အရှေ့လောင်ဂျီကျူ့ ၁၂၁.၆၅ ဒီဂရီ နှင့် မြောက်လတ္တီကျူ့ ၂၄.၀၃ဒီဂရီ၊ အနက် ၂၄ကီလိုမီတာ တွင်လှုပ်ရှားခဲ့ခြင်းဖြစ်ကြောင်း၊ကြေညာချက်တွင်ဖော်ပြထားပြီး၊ အစောပိုင်းစောင့်ကြည့်သည့် တွေ့ရှိချက်တွင် အင်အား ၆.၁ အဆင့်ရှိငလျင်လှုပ်ရှားခဲ့ကြောင်းထုတ်ပြန်ခဲ့သည်။ (Xinhua)