Connect with us

North America

အမေရိကန် နိုင်ငံ က အီရန် နိုင်ငံ သံ နှင့် သံမဏိ လုပ်ငန်း များအပေါ် ပိတ်ဆို့ အရေးယူကြောင်း ထုတ်ပြန်ကြေညာ

အမေရိကန် နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဝါရှင်တန် ၊ မေ ၉ ရက် (ဆင်ဟွာ)

အမေရိကန် နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် က မေလ ၈ ရက် ၌ အီရတ် နိုင်ငံ ၏ သံ ၊ သံမဏိ ၊ အလူမီနီယံ နှင့် ကြေးနီ စသည့် လုပ်ငန်းများ အပေါ် ပိတ်ဆို့အရေးယူမှု ဆောင်ရွက်ရန် အမိန့်ကြေညာချက် အပေါ် လက်မှတ်ရေးထိုးခဲ့ကြောင်း ထုတ်ပြန်ကြေညာ ခဲ့သည်။

ဒေါ်နယ်ထရမ့် က ထုတ်ပြန်ကြေညာချက်တွင် အထက်ဖေါ်ပြပါ လုပ်ငန်းများ သည် အီရန် နိုင်ငံ ၏ ရေနံ လုပ်ငန်း အပြင် အများဆုံးသော ပြင်ပဝင်ငွေ တစ်ရပ်ဖြစ်ပြီး ယင်းဆောင်ရွက်မှု က အီရန် နိုင်ငံ အပေါ် ပိတ်ဆို့အရေးယူမှု အား ပိုမိုတိုးမြှင့်နိုင်မည် ဖြစ်ကြောင်း ၊ မိမိ အနေဖြင့် အီရန် နိုင်ငံ ခေါင်းဆောင်နှင့် တစ်နေ့ တွင် တွေ့ဆုံနိုင်ရန် မျှော်လင့်ပြီး သဘောတူညီမှု အသစ် အား သတ်မှတ်ရန် ဆွေးနွေးသွားလိုကြောင်း ပြောကြား ခဲ့သည်။

အမေရိကန် နိုင်ငံ က ၂၀၁၈ ခုနှစ် မေလ တွင် အီရန် နျူကလီးယား အရေး ဘက်စုံ သဘောတူညီမှု စာချုပ် မှ နုတ်ထွက်ကြောင်း ကြေညာ ခဲ့ပြီး အီရန် နိုင်ငံ အပေါ် ပိတ်ဆို့အရေးယူမှုများ ပြန်လည် ဆောင်ရွက်ကာ အီရန် နိုင်ငံ ၏ ရေနံတင်ပို့မှု ၊ ငွေကြေး နှင့် လေကြောင်း စသည့် အရေးပါသည့် ကဏ္ဍများအပေါ် အရေးယူခဲ့ကြောင်း သိရှိရသည်။

အီယူး ၊ ပြင်သစ် ၊ ဂျာမနီ နှင့် ဗြိတိန် တို့က အမေရိကန် နိုင်ငံ ၏ အီရန် နိုင်ငံ အား ပိတ်ဆို့အရေးယူမှု ပြန်လည် ဆောင်ရွက်ခြင်း အပေါ် ဝမ်းနည်းမိကြောင်း နှင့် အီရန် နိုင်ငံ နှင့် တရားဝင် ကုန်သွယ်မှုများ ကို ဆက်လက် ကြိုးပမ်း ထိန်းသိမ်းသွားမည် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ ခဲ့သည်။လတ်တလောရက်ပိုင်း တွင် ရုရှား နိုင်ငံ မှလည်း အမေရိကန် နိုင်ငံ မှ မည်သည့် ပိတ်ဆို့အရေးယူမှု ဆောင်ရွက်သည် ဖြစ်စေ ရုရှား နှင့် အီရန် နိုင်ငံ အကြား တရားဝင် အကျိုးတူ ပူးပေါင်းဆောင်ရွက်မှု ကို တားဆီး နိုင်မည် မဟုတ်ကြောင်း ထုတ်ပြန်ကြေညာ ခဲ့သည်။ အမေရိကန် နိုင်ငံ ၏ ပိတ်ဆို့အရေးယူမှု နှင့် ပတ်သက်၍ အီရန် နိုင်ငံ သမ္မတ က မေလ ၈ ရက် ၌ အီရန် နိုင်ငံ မှ အီရန် နျူကလီးယား အရေး ဘက်စုံ သဘောတူညီမှု စာချုပ် တွင် ပါဝင်သည့် အချက်အချို့ အပေါ် လိုက်နာမှု အား ရပ်တန့်မည် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.