Connect with us

North America

G20 ထိပ်သီးအစည်းအဝေးတွင် ပူတင်နှင့်တွေ့ဆုံရန်ရှိကြောင်း ထရမ့်ပြော

အမေရိကန်သမ္မတဒေါ်နယ်ထရမ့် နှင့် ရုရှားသမ္မတဗလာတီမာပူတင်တို့ အားတွေ့ ရစဉ်(ဆင်ဟွာ)

ဝါရှင်တန် ၊ မေ ၁၄ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရမ့်က ဇွန်လတွင်ကျင်းပမည့် G20 ထိပ်သီးအစည်းအဝေးတွင် ရုရှားနိုင်ငံသမ္မတဗလာတီမာပူတင်နှင့်တွေ့ဆုံသွားမည်ဖြစ်ကြောင်း မေ ၁၃ ရက်တွင်ပြောကြားခဲ့သည်။

“ ကျွန်တော် သမ္မတပူတင်နဲ့တွေ့ဆုံသွားမှာပါ” ဟု အမေရိကန်နိုင်ငံသို့အလည်အပတ်ရောက်ရှိနေသော ဟန်ဂေရီဝန်ကြီးချုပ် Viktor Orban နှင့်အတူ အိမ်ဖြူတော်၌ ပြုလုပ်သည့်သတင်းစာရှင်းလင်းပွဲတွင် ထရမ့်က သတင်းသမားများအားပြောကြားခဲ့သည်။

G20 ထိပ်သီးအစည်းအဝေးကို ဂျပန်နိုင်ငံ အိုဆာကာ၌ ဇွန်လ ကုန်ပိုင်းတွင် ကျင်းပသွားရန်ကြေညာထားပြီး အမေရိကန် နှင့် ရုရှား နှစ်နိုင်ငံအနေဖြင့် လက်နက်ထိန်းချုပ်ရေး ၊ ဗင်နီဇွဲလားအရေး ၊ ယူကရိန်းအရေး နှင့် အီရန်အရေး တို့အပါအဝင် စသည့် အရေးကိစ္စတို့ကို ဆွေးနွေးသွားရန်ရှိနေဆဲဖြစ်ကြောင်း သိရသည်။

ဘရပ်ဆဲလ်မြို့၌ ဥရောပသမဂ္ဂ နှင့် နေတိုး အရာရှိများအကြား အီရန်အရေးဆွေးနွေးပွဲ မကျင်းပမီ မော်စကိုမြို့သို့ခရီးတစ်ထောင့်ဝင်ရောက်စဉ် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးမိုက်ပွန်ပီယိုသည် ရုရှားသမ္မတဗလာတီမာပူတင် နှင့် ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလာ့ဗ်ရော့ဗ်တို့နှင့် Sochi မြို့၌ မေ ၁၄ ရက်တွင် တွေ့ဆုံဖွယ် ရှိကြောင်း သိရသည်။

ပွန်ပီယိုက ရုရှားသမ္မတပူတင် နှင့် နိုင်ငံခြားရေးဝန်ကြီး ဆာဂျီလာ့ဗ်ရော့ဗ် တို့အား “ နှစ်နိုင်ငံအပြည့်အဝဆက်ဆံရေး နှင့် ကဏ္ဍစုံစိန်ခေါ်မှုများ ” အကြောင်းကို ဆွေးနွေးသွားရန်ရှိကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြီးခဲ့သော ရက်သတ္တပတ်တွင် သတင်းထုတ်ပြန်ခဲ့သည်။

မေလအစောပိုင်းက ထရမ့်သည် ပူတင်အား ဖုန်းဖြင့် တစ်နာရီကျော်ကြာ ဆက်သွယ်ဆွေးနွေးခဲ့ကြောင်း ၊ အဆိုပါဆွေးနွေးမှုအပေါ် “ အလွန်အားရကျေနပ်ကြောင်း” ထရမ့်က နောက်ပိုင်းတွင် တွစ်တာ၌ ရေးသားဖော်ပြခဲ့သည်။

ထရမ့်သည် ၂ဝ၁၈ ခုနှစ် ဒီဇင်ဘာလက အာဂျင်တီးနားနိုင်ငံ ဗျူနိုအေးရီးစ်မြို့၌ ပူတင်နှင့် တရားဝင်အစည်းအဝေးတစ်ခုပြုလုပ်ထားသည်ကို ဖျက်သိမ်းလိုက်ခြင်းမှာ ရုရှား နှင့် ယူကရိန်းအကြား တင်းမာမှုအမြင့်ဆုံးအဆင့်သို့ရောက်ရှိနေခြင်းကြောင့် ဖြစ်ကြောင်း ဝေဖန်မှုရှိနေသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.