Europe
ကျောပိုးအိတ်ထဲတွင် ဗုံးပြုလုပ်သောပစ္စည်းများ တွေ့ရှိပြီးနောက် အသက် ၁၈ နှစ်အရွယ် သြစတြေးလျအမျိုးသား တစ်ဦးဖမ်းခံရ
ဆစ်ဒနီ၊ မေ ၂၃ ရက် (ဆင်ဟွာ)
သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့ အနောက်ပိုင်းတွင် ဗုံးပြုလုပ်သောပစ္စည်းများဖြင့်တွေ့ရသည်ဟု စွပ်စွဲခံထားရပြီးနောက် အသက် ၁၈ နှစ်အရွယ် အမျိုးသားတစ်ဦးအား ရဲတပ်ဖွဲ့က တရားစွဲထားကြောင်း သိရသည်။
အဆိုပါ အမျိုးသားသည် မေလ ၂၂ ရက် နံနက်ပိုင်းက ပုံမှန်ကင်းလှည့်နေသည့် ပို့ဆောင်ရေးအရာရှိများက ရပ်တန့်ခိုင်းခြင်းခံခဲ့ရကြောင်း နယူးဆောက်ဝေးစ် (NSW) ပြည်နယ်ရဲတပ်ဖွဲ့အဆိုအရ သိရသည်။
“အဲဒီအမျိုးသားနဲ့ သူ့ကျောပိုးအိတ်ကို ဆက်စပ်ရှာဖွေမှုအတွင်း အထဲမှာရှိတဲ့ ပစ္စည်းတွေက IED (ပေါက်ကွဲစေတတ်သောကိရိယာ) တစ်ခုပြုလုပ်ရန် ကိုက်ညီသည်ကို တွေ့ရှိခဲ့ရတယ်” ဟု NSW ရဲတပ်ဖွဲ့က ဆိုသည်။
“လက်ဝတ်ရတနာ၊ မိုဘိုင်းဖုန်းထည့်ပစ္စည်းနဲ့ နားကြပ်တွေကို အရာရှိတွေက တွေ့ရှိခဲ့တယ်။ နောက်ထပ် စစ်ဆေးမှုတွေအရ အဲဒီပစ္စည်းတွေကို အနီးနားမှာရှိတဲ့ ဈေးဝယ်စင်တာရှိ စတိုးဆိုင်တစ်ခုကနေ အဲဒီနေ့အစောပိုင်းက ခိုးယူခဲ့ကြောင်း ထုတ်ဖော်ပြောကြားခဲ့တယ်”
အဆိုပါ အမျိုးသားသည် ဒဏ်ရာရစေရန် ရည်ရွယ်ချက်ဖြင့် ပေါက်ကွဲစေသောပစ္စည်းအား လက်ဝယ်ရှိခြင်း၊ စွဲချက်တင်နိုင်လောက်သော ပြစ်မှုတစ်ခု ကျူးလွန်ရန် ရည်ရွယ်၍ လက်နက်ကိုင်ဆောင်ခြင်းနှင့် လိုင်စင်မရှိဘဲ ခဲယမ်းမီးကျောက် လက်ဝယ်ရှိခြင်းတို့ဖြင့် တရားစွဲဆိုခံထားရသည်။ ၎င်းသည် ခိုးမှုနှင့် ပျက်စီးမှုဖြစ်စေရန် ကြိုတင်ကြံစည်မှု စသည့် စွဲချက်နှစ်ခုဖြင့် ရင်ဆိုင်နေရသည်။ (Xinhua)