Connect with us

Europe

ဗြိတိန် နိုင်ငံ ၏ ပထမ ဦးဆုံး 5G ဝန်ဆောင်မှု ဖွင့်လှစ်ရန် အတွက် Huawei က ထောက်ပံ့ပေးခဲ့

Huawei ကုမ္ပဏီ ၏ အမှတ်တံဆိပ် အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

လန်ဒန် ၊ မေ ၂၃ ရက် (ဆင်ဟွာ)

ဗြိတိန် နိုင်ငံ အဓိက တယ်လီကွန်း အော်ပရေတာ ဖြစ်သည့် EE ကုမ္ပဏီ က မေလ ၃၀ မှ စတင်၍ နိုင်ငံ အတွင်းရှိ အဓိက မြို့ကြီး ၆ မြို့ တွင် 5G ဝန်ဆောင်မှု အား စတင် ဖွင့်လှစ်ပေးသွားမည် ဖြစ်ပြီး ယင်း က ဗြိတိန် နိုင်ငံ ၌ ပထမ ဦးဆုံး 5G ဝန်ဆောင်မှု ပေးခြင်း ဖြစ်ကာ ကွန်ယက် အတွက် လိုအပ်သည့် အခြေခံ စက်ကိရိယာ များ အတွက် Huawei ပစ္စည်းများအား ဆက်လက်အသုံးပြုသွားမည် ဖြစ်ကြောင်း မေလ ၂၂ ရက် ၌ ထုတ်ပြန် ကြေညာ ခဲ့သည်။

ပြည်ပ သတင်းမီဒီယာ အချို့ က EE ကုမ္ပဏီ အနေဖြင့် 5G ကွန်ယက် အတွက် လိုအပ်သည့် စက်ကိရိယာ အတွက် Huawei ပစ္စည်းများအား အသုံးပြုမည် မဟုတ်ကြောင်း ရေးသားဖော်ပြ ခဲ့သော်လည်း EE ကုမ္ပဏီ ပြောရေးဆိုခွင့်ရှိသူ က ဆင်ဟွာ သတင်းဌာန ၏ မေးမြန်းမှု အား ဖြေကြား ခဲ့ရာ တွင် မိမိ တို့ သတင်းထုတ်ပြန် ခဲ့သည့် အတိုင်း Huawei ကုမ္ပဏီ က 5G အတွက် စက်ကိရိယာ များကို ဆက်လက်၍ ထောက်ပံ့ပေးမည် ဖြစ်ကြောင်း ၊ Huawei ကုမ္ပဏီ က မိမိ တို့ အလေးထားသည့် တီထွင်ဆန်းသစ်မှု ရှိသော စက်ကိရိယာ ထောက်ပံ့သည့် ကုမ္ပဏီ ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

EE ကုမ္ပဏီ က 5G ကွန်ယက် သည် လက်ရှိ 4G ကွန်ယက် ကို အခြေခံထားခြင်း ဖြစ်ပြီး အသုံးပြုသူများ အနေဖြင့် တစ်ချိန်တည်း 4G နှင့် 5G ကွန်ယက် အတွင်းသို့ ဝင်ရောက် နိုင်မည် ဖြစ်ကြောင်း ၊ 5G ကွန်ယက် က သုံးစွဲသူ အများဆုံး ရှိသည့် နေရာတွင်လည်း အလွန်ကောင်းမွန် သည့် အင်တာနက် ကို ရရှိနိုင်မည် ဖြစ်ကြောင်း ထုတ်ပြန် ခဲ့သည်။

ဗြိတိန် နိုင်ငံ တွင် EE ကုမ္ပဏီ အပြင် အခြား အော်ပရေတာ တစ်ခု ဖြစ်သည့် Vodafone ကလည်း ဇူလိုင်လ မှ စတင်၍ လန်ဒန် အပါအဝင် မြို့ကြီး ၇ မြို့တွင် 5G ဝန်ဆောင်မှု ကို ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သိရှိရပြီး ဆင်ဟွာ သတင်းဌာန ၏ မေးမြန်းမှု ကို ဖြေကြားရာ တွင် ၎င်းတို့အနေဖြင့် 5G ကွန်ယက် တည်ဆောက်ရာတွင် Huawei စက်ကိရိယာ အချို့ အား အသုံးပြုထားကြောင်း ပြောကြား ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.