Connect with us

Europe

ထရမ့်က ဗြိတိန်နိုင်ငံနှင့် ကုန်သွယ်ရေးသဘောတူညီချက် လက်မှတ်ရေးထိုးလိုသည်ဟု ဆို


လန်ဒန်၊ ဇွန် ၅ ရက်(ဆင်ဟွာ)

ဗြိတိန်နိုင်ငံ ဥရောပသမဂ္ဂမှ နုတ်ထွက်ပြီးနောက် အလားအလာကောင်းမွန်သည့် နှစ်ဖက် ကုန်သွယ်ရေး သဘောတူညီချက် လက်မှတ်ရေးထိုးလိုကြောင်း ဗြိတိန်နိုင်ငံသို့ သွားရောက်လည်ပတ် နေသည့် အမေရိကန် သမ္မတ ထရမ့်က ဇွန် ၄ ရက်တွင် ပြောကြားခဲ့သည်။

အမေရိကန်သမ္မတ ထရမ့်က ဗြိတိန် ဝန်ကြီးချုပ် ထရီဇာမေနှင့်အတူ ဇွန် ၄ ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။ သဘောတူညီချက်၏ အသေးစိတ် အကြောင်းအရာများကို ဆွေးနွေးညှိနှိုင်းရန်လိုအပ်ကြောင်း ထရမ့်က ဆိုသည်။

ဗြိတိန်နှင့်အမေရိကန်အကြားတွင် ထူးခြားသည့် ဆက်ဆံရေးသမိုင်း ကြာရှည်စွာရှိကြောင်း ၊ ရာသီဥတု ပြောင်းလဲမှု၊ အီရန်နျူကလီးယားပြဿနာ စသည့် ကဏ္ဍများတွင် မတူညီသောအမြင်များ ရှိကြောင်း ထရီဇာမေက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ထရမ့်၏ ဗြိတိန် ခရီးစဉ်သည် ဇွန် ၃ ရက်မှ ၅ ရက် အထိဖြစ်ပြီး ၎င်းက ဗြိတိန်နိုင်ငံသို့ ထရမ့်၏ သမ္မတသက်တမ်းအတွင်း ပထမဆုံး နိုင်ငံတော်အဆင့်အလည်အပတ်ခရီးစဉ်ဖြစ်သည်။

အမေရိကန်နိုင်ငံ သမ္မတ ထရမ့်နှင့် ဗြိတိန်ဝန်ကြီးချုပ် ထရီဇာမေအား တွေ့ရစဉ် (ဆင်ဟွာ)

ထိုသို့သွားရောက်လည်ပတ်ရာတွင် အမေရိကန် သမ္မတ ထရမ့်သည် ဗြိတိန် ဘုရင်မကြီး အဲလိဇဘတ် II အပါအဝင် တော်ဝင်မိသားစုများနှင့် တွေ့ဆုံခဲ့ပြီး ထရီဇာမေနှင့်လည်း တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။ ဇွန် ၅ ရက်တွင် ဗြိတိန် ဆိပ်ကမ်းမြို့ Portsmouthသို့ သွားရောက်၍ ဒုတိယကမ္ဘာစစ် အထိမ်းအမှတ်အခမ်းအနားကို တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။

သမ္မတ ထရမ့်သည် လွန်ခဲ့သောနှစ် ဇွန်လက ဗြိတိန်သို့ အလုပ်သဘောလည်ပတ်ရေးခရီးစဉ် သွားရောက်ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.