Connect with us

Europe

ရုရှားနိုင်ငံ၌ TNT ဓါတုစက်ရုံပေါက်ကွဲမှုဖြစ်ပွားရာ လူ ၈၉ ဦးဒဏ်ရာရ

ရုရှားနိုင်ငံ၌ TNT ဓာတုစက်ရုံပေါက်ကွဲမှုဖြစ်ပွားနေစဉ်(ဆင်ဟွာ)

မော်စကို ၊ ဇွန် ၃ ရက်(ဆင်ဟွာ)

ရုရှားနိုင်ငံ၏ Nizhny Novgorod ဒေသတွင် ထရိုင်နိုက်ထရိုထောလွှင်း(TNT) ဓါတုစက်ရုံ မီးလောင်မှုတစ်ခုဖြစ်ပွားပြီးနောက် ပေါက်ကွဲမှုများ အစဉ်လိုက်ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူပေါင်း ၈၉ ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသဆိုင်ရာအစိုးရက ဇွန် ၂ ရက်တွင် ပြောကြားခဲ့သည်။

ထိခိုက်ဒဏ်ရာရသူ ၈၉ ဦးအတွက် ဆေးဘက်ဆိုင်ရာ အကူအညီများတောင်းခံထားကြောင်း ၊ ယင်းတို့အနက် ၄၄ ဦးမှာ စက်ရုံဝန်ထမ်းများဖြစ်ပြီး ကျန် ၄၅ ဦးမှာ ယင်းဧရိယာအတွင်း နေထိုင်ကြသူများဖြစ်ကြောင်း ဒေသဆိုင်ရာအစိုးရ၏ သတင်းထုတ်ပြန်ချက်တစ်စောင်ကို ကိုးကား၍ TASS သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။

ရုရှားနိုင်ငံကျန်းမာရေးဝန်ကြီးဌာန၏ အစောပိုင်းထုတ်ပြန်ချက်များအရ လူ ၁၆ ဦးကို ဆေးရုံသို့ပို့ဆောင်ထားပေးကြောင်း နှင့် ယင်းတို့အနက်တစ်ဦးမှာ စိုးရိမ်ဖွယ်အခြေအနေတွင် ရှိနေကြောင်း သိရသည်။ယခုအခါ ယင်းဓါတုစက်ရုံ၏ အခြေအနေမှာ တည်ငြိမ်မှုရှိနေပြီဖြစ်ကြောင်း နှင့် ၁ဝဝ စတုရန်းမီတာ အကျယ်အဝန်းရှိသော စက်ရုံဧရိယာတစ်ခုလုံးကို မီးပွား ကူးစက် ပြန့်နှံ့မည့် အန္တရာယ်စိုးရိမ်ဖွယ်မရှိတော့ကြောင်း TASS သတင်းက ဆိုသည်။

Sputnik သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ ပေါက်ကွဲမှုမှာ ဇွန် ၁ ရက် ဒေသစံတော်ချိန် နံနက် ၁၁နာရီ ၄၅ မိနစ်တွင် ဖြစ်ပွားခဲ့ကြောင်း နှင့် ပေါက်ကွဲမှုအရှိန်ကြောင့် အနီးပတ်ဝန်းကျင် ၃ ကီလိုမီတာအတွင်းရှိ လူနေအိမ်မှန်ပြတင်းပေါက်များ ကွဲထွက်သွားကြောင်း သိရသည်။ပေါက်ကွဲမှုကြောင့် လူပေါင်း ၃၅ဝ ကျော် နှင့် အဆောက်အအုံပေါင်း ၄ဝ ကျော် အပေါ် အကျိုးသက်ရောက်မှုများရှိခဲ့ကြောင်း TASS သတင်းက ဆိုသည်။အဆိုပါဖြစ်စဉ်အား ရုရှားနိုင်ငံစုံစမ်းစစ်ဆေးရေးကော်မတီက ရာဇဝတ်မှုတစ်ခုအဖြစ် ကနဦးအမှုဖွင့်ထားကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.