Connect with us

Australia / Oceania

နယူးဇီလန်နိုင်ငံအရှေ့မြောက်ပိုင်း Kermadec ကျွန်းစု၌ ပြင်းအား ၇ အဆင့်ရှိ ငလျင်လှုပ်ခတ်

နယူးဇီလန်နိုင်ငံ၌ ငလျင်လှုပ်ခတ်သွားသော နေရာပြမြေပုံအားတွေ့ ရစဉ်(ဆင်ဟွာ)

ဝဲလင်တန် ၊ ဇွန် ၁၆ ရက်(ဆင်ဟွာ)

ပစိဖိတ်သမုဒ္ဒရာအတွင်းရှိ နယူးဇီလန်နိုင်ငံ Kermadec ကျွန်းစု၌ ဒေသစံတော်ချိန် ယနေ့နံနက် ၁ဝနာရီ ၅၅ မိနစ်တွင် ပြင်းအား ၇ အဆင့်ရှိသော အင်အားပြင်း ငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း သိရသည်။

နယူးဇီလန်နိုင်ငံဘူမိတိုင်းတာရေးဌာနမှ ပြောရေးဆိုခွင့်ရှိသူက ငလျင်ကြောင့် နယူးဇီလန်နိုင်ငံအပေါ် မည်သည့်ကြီးကြီးမားမား သက်ရောက်မှုရှိလိမ့်မည်ဟု မထင်ကြောင်း ဆင်ဟွာသတင်းဌာနသို့ပြောကြားခဲ့သည်။နယူးဇီလန်နိုင်ငံအရပ်သားကာကွယ်ရေး နှင့် အရေးပေါ်စီမံခန့်ခွဲမှုဌာနက လတ်တလော ရရှိထားသော အချက်အလက်များပေါ်အခြေခံ၍ ငလျင်ကြောင့် ဆူနာမီဖြစ်ပေါ်နိုင်ချေမရှိသလို နယူးဇီလန်နိုင်ငံအား ခြိမ်းခြောက်မှုတစ်စုံတစ်ရာမရှိကြောင်း ပြောကြားခဲ့သည်။

ဟာဝိုင်အီကျွန်းတွင် အခြေစိုက်သည့် ပစိဖိတ်ဆူနာမီသတိပေးရေးစင်တာက ငလျင်လှုပ်ခတ်မှုဖြစ်ပွားသော နေရာသည် ဆူနာမီခြိမ်းခြောက်မှု အန္တရာယ်ရှိသည့် ပစိဖိတ်ဒေသအတွင်း နီးကပ်စွာ တည်ရှိနေကြောင်း အစောပိုင်းတွင်ပြောကြားခဲ့သည်။Kermadec ကျွန်းစုသည် မုတ်သုံရာသီဥတုရှိသော ကျွန်းတစ်ခုဖြစ်ပြီး တောင်ပစိဖိတ်သမုဒ္ဒရာတွင် တည်ရှိသည်။ပြီးခဲ့သော နှစ် စက်တင်ဘာလက ပြင်းအား ၆.၇ အဆင့်ရှိ ငလျင်တစ်ခု နှင့် ပြင်းအား ၆.၄ အဆင့်ရှိ ငလျင်တစ်ခု ယင်းကျွန်းစုတွင် အသီးသီးလှုပ်ခတ်ခဲ့သော်လည်း လူအသေအပျောက် မရှိခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.