Connect with us

Australia / Oceania

သြစတြေးလျနိုင်ငံ ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ ရွေးကောက်ပွဲအောင်နိုင်ပြီးနောက် ကျမ်းသစ္စာကျိန်ဆို

သြစတြေးလျနိုင်ငံ ဝန်ကြီးချုပ်အဖြစ် ပြန်လည်ရွေးကောက်ခံရသော စကော့မောရစ်ဆင် ကျမ်းသစ္စာကျိန်ဆိုနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ကန်ဘာရာ၊ မေ ၂၉ ရက် (ဆင်ဟွာ)

သြစတြေးလျနိုင်ငံ ဝန်ကြီးချုပ်အဖြစ် ပြန်လည်ရွေးကောက်ခံရသော စကော့မောရစ်ဆင် (Scott Morrison) နှင့် ၎င်း၏ အသစ်ဖွဲ့စည်းလိုက်သော ဝန်ကြီးဌာနတို့ တရားဝင်ကျမ်းသစ္စာကျိန်ဆိုလိုက်ကြောင်း သိရသည်။

မော်ရစ်ဆင်နှင့် အမျိုသမီး ၇ ဦးပါဝင်သော ၎င်း၏ အစိုးရအဖွဲ့တို့သည် အစိုးရအိမ်တော်သို့ မေလ ၂၉ ရက် နံနက်ပိုင်းက သွားရောက်ခဲ့သည်။

ဌာနေလူမျိုးစုဆိုင်ရာ လွှတ်တော်ကော်မတီက အဖွဲ့ဝင် လွှတ်တော်ကိုယ်စားလှယ် (MP) တစ်ဦးဖြစ်သူ Ken Wyatt အား သြစတြေးလျနိုင်ငံ၏ ပထမဆုံး ဌာနေလူမျိုးစုဆိုင်ရာ အစိုးရအဖွဲ့ဝန်ကြီးအဖြစ် တခဲနက်ကြိုဆိုခြင်းခံခဲ့ရသည်။

မော်ရစ်ဆင်၏ Liberal-National Party Coalition (LNP) သည် မေလ ၁၈ ရက်တွင် ပြုလုပ်ခဲ့သော အထွေထွေရွေးကောက်ပွဲတွင် တတိယမြောက်သက်တမ်းအတွက် အနိုင်ရရှိခဲ့သည်။

ထို့ပြင် သဘာဝပတ်ဝန်းကျင်၊ ကာကွယ်ရေး၊ မိသားစုနှင့် လူမှုရေးဆိုင်ရာ ဝန်ကြီးများအဖြစ် Sussan Ley , Linda Reynolds နှင့် Anne Ruston တို့အား တိုးမြှင့်ခန့်အပ်ခဲ့သည်။

၎င်းတို့သည် အစိုးရအဖွဲ့အတွင်း အမျိုးသမီးများအဖြစ် နိုင်ငံခြားရေးဝန်ကြီး Marise Payne ၊ စိုက်ပျိုးရေးဝန်ကြီး Bridget McKenzie ၊ အလုပ်အကိုင်နှင့် အလုပ်သမားရေးရာဝန်ကြီး Michaelia Cash နှင့် စက်မှုလုပ်ငန်းဝန်ကြီး Karen Andrew တို့လည်း ပါဝင်ကြမည်ဖြစ်သည်။

၄၆ ကြိမ်မြောက် သြစတြေးလျ လွှတ်တော်အား ဇူလိုင်လ ပထမပတ်တွင် ပြုလုပ်ရန်မျှော်မှန်းထားကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.