Connect with us

Asia

အိန္ဒိယအစိုးရက Encephalitis ခေါ် ဦးနှောက်ရောင်ရောဂါတစ်မျိုးကြောင့် ကလေးငယ် ၁၀၀ ကျော် သေဆုံးခဲ့သည့် ဘီဟာပြည်နယ်သို့ အဆင့်မြင့်ကျန်းမာရေးအဖွဲ့စေလွှတ်

အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ် မူဇက်ဖ်ဖာပါရ်ခရိုင်တွင် Acute Encephalitis Syndrome (AES) ခေါ် ဦးနှောက်ရောင်ရောဂါတစ်မျိုးကြောင့် ဆေးကုသမှုခံယူနေသူများအား ဆရာဝန်များနှင့် ကျန်းမာရေးတာဝန်ရှိသူများ ကြည့်ရှုနေစဉ် (ဆင်ဟွာ)

နယူးဒေလီ၊ ဇွန် ၁၉ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်တွင် Acute Encephalitis Syndrome (AES) ခေါ် ဦးနှောက်ရောင်ရောဂါတစ်မျိုးကြောင့် ကလေးငယ် ၁၀၀ ကျော် သေဆုံးခဲ့သဖြင့် ကူးစက်ရောဂါပျံ့ပွားခြင်းနှင့် ကာကွယ်ခြင်းဆိုင်ရာ သုတေသနပြုရာတွင် ပြည်နယ်အစိုးရအား ထောက်ပံ့ပေးရန် အိန္ဒိယအစိုးရက ပြည်နယ်အတွင်း မူဇက်ဖ်ဖာပါရ်ခရိုင်သို့ အဆင့်မြင့်ဘက်စုံထိန်းသိမ်းရေးအဖွဲ့တစ်ဖွဲ့ စေလွှတ်ခဲ့ကြောင်း သိရသည်။

ကျန်းမာရေးဝန်ကြီးဌာနရှိ တရားဝင်သတင်းရင်းမြစ်များ၏အဆိုအရ ရောဂါပြန်လည်ဖြစ်ပွားမှုအား တိုက်ဖျက်ရန်နှင့် ရောဂါဖြစ်ပွားရသည့်အကြောင်းရင်းများအား ရှာဖွေရန် ဘီဟာပြည်နယ်ရှိ ခရိုင်များတွင် ရောဂါပိုးမွှားဗေဒဆိုင်ရာဓာတ်ခွဲခန်း ၅ ခု တည်ထောင်ရန် ဗဟိုအစိုးရက စဉ်းစားနေကြောင်း သိရသည်။

ဘီဟာပြည်နယ်အစိုးရကလည်း လာမည့်နှစ်အတွင်း စီရိခရစ်ရှနား ဆေးကောလိပ်တွင် ကုတင် ၁၀၀ ဆံ့ ကလေးလူနာ အထူးကြပ်မတ်ကုသဆောင် (ICU) တစ်ခု တည်ထောင်မည်ဖြစ်သည်။

ထို့ပြင် မူဇက်ဖ်ဖာပါရ်ခရိုင်နှင့်ဆက်နေသည့် ခရိုင်များတွင်လည်း ကုသမှု ပိုမိုကောင်းမွန် ထိရောက်စေရန် ကုတင် ၁၀ ခုဆံ့ ICU များ ထားရှိမည်ဖြစ်ကြောင်း သတင်းရင်းမြစ်များကဆိုသည်။

အိန္ဒိယနိုင်ငံ ကျန်းမာရေးဝန်ကြီး ဟာ့ရှ် ဗာဒန် (Harsh Vardhan) က ရောဂါဖြစ်ပွားရသည့် အကြောင်းရင်းများအား ရှာဖွေရန် အားထုတ်မှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း မီဒီယာအား ပြောကြားခဲ့သည်။ “ရောဂါဖြစ်ပွားမှုအခြေအနေကို ကျွန်တော် အနီးကပ်စောင့်ကြည့်နေပါတယ်။ ကျွန်တော့်အမြင်အရ ကျွန်တော်တို့ ရောဂါဖြစ်ပွားရတဲ့အကြောင်းရင်း အချက်အလက်ပိုသိရဖို့ ရောဂါဖြစ်ပွားတဲ့နယ်မြေမှာ သုတေသနအဆောက်အအုံတစ်ခုရှိသင့်ပါတယ်” ဟု ၎င်းက ဆိုသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.