Connect with us

Asia

အင်ဒိုနီးရှားနိုင်ငံက ၂ဝ၂၁ ခုနှစ်တွင် မြို့တော်သစ် စတင်တည်ဆောက်မည်

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ တော်၏ အထင်ကရ Gelora Bung Karno အားကစားကွင်းအားတွေ့ ရစဉ်(ဆင်ဟွာ)

ဂျကာတာ ၊ ဇွန် ၁၉ ရက်(ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံသည် ၂ဝ၂၁ ခုနှစ်တွင် မြို ့တော်သစ် တည်ဆောက်ရေး စီမံကိန်းစတင်ရန် ရည်ရွယ်ထားပြီး စီမံကိန်းနှင့်ဆက်စပ်သော ဘတ်ဂျက်ငွေရရှိရေးကို လာမည့် ၂ဝ၂ဝ ပြည့်နှစ် ဘတ်ဂျက်ထဲတွင် ထည့်သွင်းတောင်းခံသွားမည်ဖြစ်ကြောင်း အင်ဒိုနီးရှားနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ စီမံကိန်းဝန်ကြီးဌာန ဝန်ကြီး Bambang Brodjonegoro က ဇွန် ၁၈ ရက်တွင်ပြောကြားခဲ့သည်။

၎င်းဘတ်ဂျက်ဖြင့် မြို့တော်သစ်ဒီဇိုင်း ပုံစံရေးဆွဲမှုတွင် ငွေကြေးအသုံးပြုသွားမည်ဖြစ်ကြောင်း ၊ မြို့တော်သစ်ကို Kaklimantan ကျွန်းပေါ်၌ တည်ဆောက်သွားမည်ဖြစ်ကြောင်း ဝန်ကြီးက ဆိုသည်။

“ မြို့တော်သစ်တည်ဆောက်မှုဟာ ၂ဝ၂၁ ခုနှစ်မှာ စတင်မယ်။ တည်ဆောက်ရေးအစီအစဉ်ကို တဆင့်ပြီးတဆင့်လုပ်သွားဖို့ကျွန်တော်တို့မျှော်လင့်ထားတယ်။ မြို့သစ်ကြီးဟာ ၂ဝ၂၄ ခုနှစ်မှာ စတင်အသက်ဝင်ပါလိမ့်မယ်” ဟု ၎င်းကဆိုသည်။

ဖြစ်နိုင်ခြေကနဦးလေ့လာတိုင်းတာမှုများကို Kalimantan ကျွန်းအရှေ့ပိုင်းရှိ နေရာအနှံ့အပြား နှင့် ကျွန်း၏ အလယ်ပိုင်းရှိဒေသများတွင် လုပ်ဆောင်လျက်ရှိနေပြီး ၊ ယင်းလေ့လာတိုင်းတာမှုမှာ ၉ဝ ရာခိုင်နှုန်းထိ ပြီးစီးနေပြီဖြစ်ကြောင်း ၎င်းကဆိုသည်။

အခြေခံလေ့လာတိုင်းတာမှုများထဲတွင် သောက်သုံးရေ ရရှိမှု ၊ အခြေခံအဆောက်အအုံ ၊ ငလျင် နှင့် တောမီးလောင်ကျွမ်းမှု အန္တရာယ်များ နှင့် လူမှုပတ်ဝန်းကျင်အခြေအနေများပါဝင်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

လေ့လာတိုင်းတာမှု ရလဒ်များအား သိပ်မကြာမီတွင် သမ္မတဂျိုကိုဝီဒိုဒိုထံ တင်ပြသွားနိုင်ရန် မျှော်လင့်ကြောင်း ၎င်းကဆိုသည်။

“ သမ္မတက ဒီနှစ်ထဲမှာ ကြေညာဖို့ရှိပါတယ်။ အချိန်အခါကောင်းကို စောင့်ဆိုင်းနေတာပါ” ဟု ၎င်းကဖြည့်စွက်ပြောကြားခဲ့သည်။

မြို့သစ်တည်ဆောက်ရန် ဘတ်ဂျက်ရာထားမှုမှာ အင်ဒိုနီးရှားရူပီးငွေ ၄၄၆ ထရီလီယံ(အမေရိကန်ဒေါ်လာ ၃၂.၅ ဘီလီယံ) ဖြစ်ကြောင်း ၊ ပုဂ္ဂလိက နှင့် အစိုးရ မတည်ငွေများဖြင့် ပူးပေါင်း၍ လုပ်ဆောင်သွားမည်ဖြစ်ကြောင် နိုင်ငံတော်ဘတ်ဂျက်သတင်းအရင်းအမြစ်အရသိရသည်။

လွန်ခဲ့သောနှစ်လကျော်က နိုင်ငံအတွင်း စီးပွားရေး နှင့် လူဦးရေ ပျံ့နှံ့မှုဆိုင်ရာ လိုအပ်ချက်များနှင့် ကြုံတွေ့ခဲ့ရပြီးနောက် သမ္မတဝီဒိုဒိုက မြို့တော်သစ်တည်ဆောက်ရန် အကြံဉာဏ်ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။

မြို့သစ်စီမံကိန်းက စီးပွားရေးဒေသများကို လူဦးရေသိပ်သည်းမှုဖြစ်ပေါ်နေသည့် ဂျာဗားကျွန်းအပြင်ဘက်ဒေသများအထိ တိုးခဲျ့နိုင်င်ရန် မျှော်လင့်ထားသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.