Connect with us

Environment, Disasters & Accidents

နေပြည်တော် ပျဉ်းမနား မြို့နယ်၌ ယာဉ်တိုက်မှုကြောင့် လူ ၁ ဦး သေဆုံး

ပျဉ်းမနား မြို့ နယ်၌ ဖြစ်ပွားခဲ့သော ယာဉ်တိုက်မှုအား တွေ့ ရစဉ်(ဓာတ်ပုံ - Ministry of Home Affairs, Myanmar )

ရန်ကုန် ၊ ဇွန် ၂၀ ရက်(ဆင်ဟွာ)

နေပြည်တော် ၊ ပျဉ်းမနား မြို့နယ် အတွင်း ဇွန် ၁၉ ရက်တွင် ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ရာ လူ ၁ ဦး သေဆုံး ခဲ့ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနမှ ထုတ်ပြန်သော သတင်း အရ သိရသည်။

ပျဉ်းမနားမြို့နယ် ၊ ကျီးအင်းကျေးရွာအနီး မြို့ရှောင်လမ်းတွင် ပျဉ်းမနားမှ သာဝတ္ထိသို့ မောင်းနှင်သည့် ၂၂ ဘီး ယာဉ်သည် လားရာတူ ယာဉ်ကြော၏ ရှေ့လမ်းဘေးတွင် စက်ပျက်၍ ရပ်တန့်ထားသည့် ၁၂ ဘီးယာဉ်အား ဝင်ရောက် တိုက်မိခဲ့သဖြင့် ယာဉ်အောက်၌ စက်ပြင်ဆင် နေသော ယာဉ်မောင်း နှင့် ယာဉ်နောက်တို့မှာ ဒဏ်ရာများ ရရှိခဲ့သဖြင့် ဆေးရုံသို့ပို့ဆောင် ကုသမှု ခံယူနေစဉ် ယာဉ်မောင်း ဖြစ်သူမှာ ရရှိသော ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ကြောင်း သိရသည်။

ပျဉ်းမနား မြို့မရဲစခန်းက ၂၂ ဘီးယာဉ်မောင်းနှင်သူအား အမှုဖွင့် စစ်ဆေးလျက် ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.