Connect with us

Environment, Disasters & Accidents

ပဲခူးတိုင်းဒေသကြီးအတွင်း ရထား နှင့် ဆိုင်ကယ် တိုက်မိကာ လူ ၁ ဦး သေဆုံး

သုံးဆယ်မြို့အတွင်း ရထား နှင့် ဆိုင်ကယ် တိုက်မိခဲ့မှုအား တွေ့ ရစဉ်(ဓာတ်ပုံ - Ministry of Home Affairs, Myanmar)

ရန်ကုန် ၊ ဇွန် ၁၃ ရက်(ဆင်ဟွာ)

ပဲခူးတိုင်းဒေသကြီး ၊ သာယာဝတီမြို့နယ် သုံးဆယ်မြို့ ငဖြူးကလေးဘူတာနှင့်သုံးဆယ် ဘူတာကြားတွင် ရထား နှင့် ဆိုင်ကယ် တိုက်မိပြီး ၁ဦး သေဆုံးကာ ၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာန ထံမှ သိရသည်။

ငဖြူးကလေးဘူတာနှင့်သုံးဆယ် ဘူတာကြား ရထားလမ်း မိုင်တိုင်(၆၃/၁၀-၁၁)ကြား၌ ဇွန် ၁၁ ရက်တွင် ဆိုင်ကယ်သည် တရားမဝင် သံလမ်းကူးအားဖြတ်ကူးစဉ် ရန်ကုန်ဘက်မှ သာရဝေါဘက်သို့ အမှတ်(၆၉)အဆန် ကြည်မြင့်တိုင်-သာရဝေါ အမြန်ရထားမှ ဝင်ရောက်တိုက်မိ၍ ဆိုင်ကယ် မောင်းနှင်သူမှာ အခင်းဖြစ် နေရာတွင် သေဆုံးသွားပြီး ဆိုင်ကယ်ပေါ်တွင် လိုက်ပါလာသူ အမျိုးသမီးမှာ ဒဏ်ရာများ ရရှိခဲ့သဖြင့် သာယာဝတီခရိုင် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

အဆိုပါ သေဆုံးမှု နှင့် ပတ်သက်၍ သုံးဆယ်နယ်မြေ ရဲစခန်း၌ သေမှုသေခင်းအမှတ်စဉ်(၇/၂၀၁၉)ဖြင့် ရေးဖွင့် စစ်ဆေးလျက်ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.