Politics, Law & Military
သံလွင်မြစ် အတွင်း တရားမဝင် သစ်တန် ၃၀၀ ခန့်အား စက်လှေများ နှင့် အတူ ဖမ်းဆီးရမိ
ရန်ကုန် ၊ ဇွန် ၂၁ ရက်(ဆင်ဟွာ)
မွန်ပြည်နယ် ၊ မော်လမြိုင်ခရိုင် ၊ မော်လမြိုင်မြို့နယ် ၊ သံလွင်မြစ်အတွင်း ဖားအောက်ချောင်းပေါက်ဝ အနီး စက်လှေများပေါ်မှ တရားမဝင် ပိတောက်ခွဲသား ခန့်မှန်း(၃၀၀)တန်ခန့်အား ယနေ့တွင် ဖမ်းဆီး ရမိခဲ့ကြောင်း သစ်တော ဦးစီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။
ပြည်သူလူထု ပူးပေါင်းပါဝင်မှုဖြင့် လူထု အခြေပြု စောင့်ကြပ်ကြည့်ရှု သတင်းပို့ စနစ်-CMRS ဖြင့် သတင်း ပေးပို့ချက် အရ သစ်တောဦးစီးဌာန ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့မှ သံလွင်မြစ် အတွင်း “တိုးတက်ဝင်း” နှင့် “ရတနာမေ”အမည်ရှိ စက်လှေကြီး(၂)စီး နှင့် ကဲ့လှေ(၅)စီးတို့အား တရားမဝင် ပိတောက်ခွဲသား ခန့်မှန်း(၃၀၀)တန်ခန့် နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံများမှ ရေထဲသို့ ခုန်ချ ထွက်ပြေး သွားခဲ့ကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေ နှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။(Xinhua)