Videos
စက်ရုပ်ဒီဇိုင်းအမျိုးမျိုး တီထွင်ဖန်တီးမှု ပြိုင်ပွဲ ကျင်းပ
ဟာဘင်၊ သြဂုတ် ၁ဝ ရက်(ဆင်ဟွာ)
တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ဟာဘင်မြို့တွင် စက်ရုပ်ဒီဇိုင်းအမျိုးမျိုး တီထွင်ဖန်တီးမှု ပြိုင်ပွဲ တစ်ရပ်ကို ကျင်းပခဲ့သည်။ ပြိုင်ပွဲတွင် ဘွဲလွန်ကျောင်းသားများ ဖန်တီး တီထွင်ထားသည့် စက်ရုပ်အမျိုးမျိုး ပါဝင်ပြီး ၎င်းတို့ထဲတွင် စက်မှုလုပ်ငန်းသုံစက်ရုပ်များ၊ အသိဉာဏ်နည်းပညာထည့်သွင်းထားသည့် အိမ်သုံးစက်ရုပ်များ၊ ဝတ်ဆင်နိုင်သည့် ကိရိယာများ နှင့် ဆေးဘက်ဆိုင်ရာအထောက်အကူပြုစက်ရုပ်များ ပါဝင်သည်။ စက်ရုပ်ဒီဇိုင်းအမျိုးမျိုး တီထွင်ဖန်တီးမှု ပြိုင်ပွဲကို ဟာဘင်မြို့တွင် ပထမဆုံးအကြိမ်ကျင်းပခြင်းဖြစ်ပြီး ကောလိပ်နှင့်တက္ကသိုလ်ပေါင်း ၂၂ဝ မှ ကျောင်းသားကျောင်းသူ အဖွဲ့ စုစုပေါင်း ၁၃၁၁ ဖွဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်းသိရသည်။(Xinhua)