Connect with us

Videos

C919 ဂျက်လေယာဉ်ကို ၂ဝ၂၁ တွင် စီးပွားဖြစ် ခရီးသည်တင်လေယာဉ်အဖြစ် စတင်အသုံးပြုမည်

နန်ကျင်း ၊ သြဂုတ် ၈ ရက်(ဆင်ဟွာ)

စမ်းသပ် ပျံသန်းမှုပေါင်းများစွာကို အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ပြီးနောက်တွင် တရုတ်နိုင်ငံ၏ ပြည်တွင်းထုတ်လုပ်သော C919 ဂျမ်ဘိုဂျက်လေယာဉ်ကို လာမည့် ၂ဝ၂၁ ခုနှစ်တွင် နိုင်ငံ၏ မြို့ပြလေကြောင်းအာဏာပိုင်အဖွဲ့မှ ပျံသန်းခွင့်လက်မှတ်ရရှိရန် စီစဉ်ထားကြောင်း C919 ဒီဇိုင်းအကြီးအကဲ Wu Guanghui ၏ပြောကြားချက်အရ သိရသည်။

တရုတ်နိုင်ငံအင်ဂျင်နီယာအကယ်ဒမီ နှင့် တရုတ်နိုင်ငံစီးပွားဖြစ်လေယာဉ်ထုတ်လုပ်ရေး(COMAC) ဂျက်လေယာဉ်ထုတ်လုပ်ရေးဌာန ဒုတိယဥက္ကဋ္ဌ Wu က အင်ဂျင်နှစ်လုံး နှင့် ရှည်မျောမျောကိုယ်ထည်ပုံစံဖြင့် တည်ဆောက်ထားသော C919 လေယာဉ်ကြီးသည် လေကြောင်းပျံသန်းမှုတွင် ဘိုးရင်း(Boeing) နှင့် အဲဘတ်စ်(Airbus) လေယာဉ်ကြီးများနှင့်အပြိုင် အရည်အသွေးပြည့်မီမှုရှိကြောင်း ဆိုသည်။

C919 လေယာဉ်သည် လေယာဉ်အမှုထမ်း ၅ ဦးနှင့်အတူ ၂ဝ၁၇ ခုနှစ် မေ ၅ ရက်တွင် ရှန်ဟိုင်းမြို့၌ စမ်းသပ်ပျံသန်းမှုကို ပထမဆုံးအောင်မြင်စွာပြုလုပ်နိုင်ခဲ့သည်။ သို့သော် ထိုစဉ်တွင် ခရီးသည်များ လိုက်ပါခြင်းမရှိပေ။ သြဂုတ်လကပြုလုပ်ခဲ့သော စတုတ္ထမြောက် C919 ၏ ပထမဆုံး စမ်းသပ်ပျံသန်းမှု တွင် ကဏ္ဍစုံလေ့လာစူးစမ်းမှု နှင့် စက်ပိုင်းဆိုင်ရာစနစ် စစ်ဆေးမှုများကို ပြုလုပ်ခဲ့သည်။

COMAC အနေဖြင့် လက်ရှိအချိန်ထိ C919 လေယာဉ် အစင်းပေါင်း ၈၁၅ စင်းကို အမှာစာရရှိထားပြီး ယခုနှစ် ဒုတိယနှစ်ဝက်အတွင်း ပိုမိုပြည့်စုံသောစမ်းသပ်ပျံသန်းမှုများကို ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.