Connect with us

Europe

လူသားပုံစံပေါက်သောစက်ရုပ်ပါဝင်သော ရုရှားအာကာသယာဉ်နှင့် နိုင်ငံတကာအာကာသစခန်းတွင် ချိတ်ဆက်မိ

ရုရှားနိုင်ငံမှ Soyuz အာကာသယာဉ်နှင့်အတူ လိုက်ပါသွားသည့် လူသားပုံစံပေါက်သောစက်ရုပ် Fedor (Skybot F-850) အား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

မော်စကို၊ သြဂုတ် ၂၇ ရက် (ဆင်ဟွာ)

လူသားပုံစံပေါက်သောစက်ရုပ်အား သယ်ဆောင်ထားသည့် ရုရှားနိုင်ငံမှ Soyuz အာကာသယာဉ်သည် နိုင်ငံတကာ အာကာသစခန်း (ISS) နှင့် ချိတ်ဆက်ရန် ပထမအကြိမ်အားထုတ်မှုတွင် မအောင်မြင်ခဲ့သော်လည်း သြဂုတ်လ ၂၇ ရက်၌ ISS နှင့် အောင်မြင်စွာ ချိတ်ဆက်သွားခဲ့ကြောင်း သိရသည်။

“အာကာသယာဉ် ချိတ်ဆက်မှု လုပ်ဆောင်ခဲ့ပြီးပါပြီ” ဟု Mission Control Center က ပြောခဲ့သည်။ လူသားပုံစံပေါက်သောစက်ရုပ်အား တင်ဆောင်သွားသော Soyuz MS-14 အာကာသယာဉ်သည် လျာထားသည့် အစီအစဉ်ထက်ကြို၍ အချိန်များစွာ လုပ်ဆောင်ခဲ့ရသည်ဟု ဆိုသည်။

သြဂုတ်လ ၂၄ ရက် အစောပိုင်းက အာကာသစခန်းနှင့် အာကာသယာဉ် ချိတ်ဆက်ရန် ကြိုးပမ်းမှု မအောင်မမြင်ဖြစ်ခဲ့ပြီးနောက် ယခုကဲ့သို့ ပြန်လည်လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.