Connect with us

Europe

ရုရှားနိုင်ငံမှ ဒုတိယအသုတ် S-400 လေကြောင်းရန်ကာကွယ်ရေးစနစ်များကို တူရကီနိုင်ငံကလက်ခံရရှိ

ရုရှားနိုင်ငံထုတ် S-400 လေကြောင်းရန်ကာကွယ်ရေးစနစ်များ တူရကီနိုင်ငံသို့ ရောက်ရှိလာစဉ်(ဆင်ဟွာ)

အန်ကာရာ ၊ သြဂုတ် ၂၈ ရက်(ဆင်ဟွာ)

တူရကီနိုင်ငံသည် သြဂုတ် ၂၇ ရက်က ရုရှားနိုင်ငံထုတ် S-400 လေကြောင်းရန်ကာကွယ်ရေးစနစ်အစိတ်အပိုင်းများ ဒုတိယအသုတ်ကို လက်ခံရရှိခဲ့ကြောင်း တူရကီကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

“ S-400 ဒုံးကျည်ကာကွယ်ရေးစနစ်ရဲ့ အစိတ်အပိုင်းများဟာ ဒုတိယအသုတ်အဖြစ် အန်ကာရာမြို့အနီးက Murted လေတပ်အခြေစိုက်စခန်းသို့ရောက်ရှိလာပါတယ်” ဟု ဝန်ကြီးဌာန၏ တွစ်တာလူမှုကွန်ရက်ပေါ်၌ ထုတ်ပြန်ခဲ့သည့် ကြေညာချက်တွင် ဖော်ပြထားသည်။

“ ဒီပစ္စည်းအစိတ်အပိုင်းတွေ ဆက်လက်ပို့ဆောင်မယ့် အစီအစဉ်ဟာ အချိန်တစ်လ လောက်ကြာမြင့်မှာပါ” ဟု ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။

ပထမအသုတ် S-400 လေကြောင်းရန်ကာကွယ်ရေးစနစ်အစိတ်အပိုင်းများကို ပြီးခဲ့သော ဇူလိုင်လအတွင်း ရုရှားနိုင်ငံထံမှ တူရကီနိုင်ငံထံသို့ပေးပို့ခဲ့ပြီး ဇူလိုင် ၂၅ ရက်တွင် ပြီးစီးခဲ့သည်။

ခေတ်မီ S-400 လေကြောင်းရန်ကာကွယ်ရေးစနစ်များ ဝယ်ယူရေးအတွက် တူရကီနိုင်ငံသည် ရုရှားနိုင်ငံနှင့် ၂ဝ၁၇ ခုနှစ် ဧပြီလတွင် သဘောတူလက်မှတ်ရေးထိုးခဲ့သည်။

အဆိုပါသဘောတူညီချက်ရရှိခဲ့ပြီးချိန်မှ စတင်ကာ အမေရိကန်နိုင်ငံ နှင့် တူရကီနိုင်ငံ တို့အကြား တင်းမာမှုမြင့်တက်ခဲ့ပြီး အဆိုပါ S-400 လေကြောင်းရန်ကာကွယ်ရေးစနစ်များသည် နေတိုးကာကွယ်ရေးစနစ်(NATO) များထဲသို့ထိုးဖောက်ဝင်ရောက်နိုင်ကြောင်း နှင့် စစ်ဘက်ဆိုင်ရာလျှို့ဝှက်ချက်များကို ရုရှားနိုင်ငံက ရရှိသွားနိုင်ကြောင်း အမေရိကန်က ဆိုထားသည်။

တူရကီအနေဖြင့် S-400 စနစ်များဝယ်ယူမှုကို ဆက်လက်လုပ်ဆောင်မည်ဆိုပါက ၎င်းအား F-35 တိုက်လေယာဉ်များ ရောင်းချပေးမှုကို ရပ်ဆိုင်းသွားမည်ဟု အမေရိကန်နိုင်ငံက ထပ်ဖန်တလဲလဲ ခြိမ်းခြောက်ထားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.