Connect with us

Economy

တရုတ်နိုင်ငံနှင့် အမေရိကန်နိုင်ငံ အလုပ်အဖွဲ့များ မကြာမီတွေ့ဆုံရန်ရှိ

တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန (MOC) ပြောခွင့်ရပုဂ္ဂိုလ် ကောင်းဖုန်းအား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ စက်တင်ဘာ ၁၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံနှင့် အမေရိကန်နိုင်ငံ စီးပွားရေးနှင့် ကုန်သွယ်ရေးအဖွဲ့များသည် ထိရောက်သော ဆက်ဆံမှုရှိပြီး နှစ်နိုင်ငံ အလုပ်အဖွဲ့များသည် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ရန်နှင့် နှစ်နိုင်ငံ နောက်ထပ် အဆင့်မြင့် စီးပွားရေးနှင့် ကုန်သွယ်ရေး စေ့စပ်ညှိနှိုင်းမှုအတွက် အပြည့်အဝပြင်ဆင်မှုများ ပြုလုပ်ရန် မကြာမီ တွေ့ဆုံမည် ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးက စက်တင်ဘာလ ၁၂ ရက်တွင် ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံသည် တရုတ်နိုင်ငံနှင့် လမ်းခုလတ်တွင် တွေ့ဆုံသွားမည်ဖြစ်ကြောင်း၊ ခိုင်လုံသော လုပ်ဆောင်မှုများ ဆောင်ရွက်ရန်နှင့် ဆွေးနွေးမှုအတွက် ကောင်းမွန်သော အခြေအနေများ ဖန်တီးရန် မျှော်လင့်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန (MOC) ပြောခွင့်ရပုဂ္ဂိုလ် ကောင်းဖုန်းက ပြောခဲ့သည်။

“ဒါက တရုတ်နဲ့ အမေရိကန် နှစ်နိုင်ငံလုံးအတွက်သာမက ကမ္ဘာကြီးတစ်ခုလုံးရဲ့ အကျိုးစီးပွားတွေ ဖြစ်ပါတယ်” ဟု ကောင်းက ပြောခဲ့သည်။

အမေရိကန်နိုင်ငံမှ စိုက်ပျိုးရေးထုတ်ကုန်များ တင်သွင်းမှုများနှင့်ပတ်သက်၍ တရုတ်ကုမ္ပဏီများက အမေရိကန် ပို့ကုန်တင်ပို့သောသူများနှင့် ပဲပိစပ်များနှင့် ဝက် အပါအဝင် စိုက်ပျိုးရေး ထုတ်ကုန် ဈေးနှုန်းများ ပေးချေခြင်းအကြောင်းအား မေးမြန်းရန်စတင်လျက်ရှိကြောင်း ကောင်းက ဆိုသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.