Connect with us

Economy

အလီဘာဘာ ဥက္ကဋ္ဌအဖြစ်မှ ဂျက်မာ အနားယူပြီ

အလီဘာဘာအုပ်စု နှစ် ၂၀ ပြည့်အခမ်းအနားတွင် ဂျက်မာအား တွေ့ရစဉ် (ဆင်ဟွာ)

ဟန်ကျိုး၊ စက်တင်ဘာ ၁၁ ရက် (ဆင်ဟွာ)

ဂျက်မာ (Jack Ma) သည် အလီဘာဘာအုပ်စု၏ ဥက္ကဋ္ဌအဖြစ်မှ စက်တင်ဘာလ ၁၀ ရက်တွင် တရားဝင် နုတ်ထွက်လိုက်ကြောင်း၊ ကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ် ဒန်နီယယ်ကျန်းအား တာဝန်လွှဲပေးနေကြောင်း သိရသည်။

ထိုနေ့သည် တရုတ် ဘီလျံနာနှင့် ၎င်းတည်ထောင်ခဲ့သော e-commerce ကုမ္ပဏီကြီး နှစ်ခုလုံးအတွက် ထူးခြားသည့်နေ့တစ်နေ့လည်း ဖြစ်သည်။

စက်တင်ဘာလ ၁၁ ရက်သည် အင်္ဂလိပ်စာသင်သော ကျောင်းဆရာဟောင်းတစ်ဦးဖြစ်သူ မာ၏ အသက် ၅၅ နှစ်ပြည့်သည့်နေ့ဖြစ်သလို အလီဘာဘာအုပ်စု တည်ထောင်ခြင်း နှစ် ၂၀ ပြည့်အခါသမယဖြစ်ပြီး ဆရာများနေ့လည်း ဖြစ်သည်။

မာသည် ၂၀၁၃ ခုနှစ်တွင် အမှုဆောင်အရာရှိချုပ်နေရာအား လွှဲပြောင်းယူခဲ့ပြီး တစ်နှစ်အတွင်း နုတ်ထွက်သွားမည်ဟု ၂၀၁၈ ခုနှစ် စက်တင်ဘာလ ၁၀ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့ကာ ကျန်းအား လွှဲပြောင်းပေးခဲ့သည်။

၎င်းသည် ရာထူးမှအနားယူသွားသော်လည်း အပြီးတိုင်နှုတ်ဆက်ထွက်ခွာသွားခြင်းတော့မဟုတ်ပေ။ မာသည် ၂၀၂၀ ခုနှစ်တွင် ရှယ်ယာရှင်များ အထွေထွေအစည်းအဝေးပြီးဆုံးသည့်တိုင်အောင် အလီဘာဘာ၏ ဒါရိုက်တာအဖွဲ့တွင် ဆက်လက်တာဝန်ယူသွားမည်ဖြစ်ကြောင်း၊ အလီဘာဘာ၏ အမြဲတမ်း မိတ်ဖက်နှင့် ဝန်ထမ်းအဖြစ် နံပါတ် ၁ နေရာတွင် ဆက်လက်ရှိနေမည်ဖြစ်ကြောင်း သိရသည်။

မာသည် တရုတ်နိုင်ငံ အရှေ့ပိုင်း ကျဲ့ကျန်းပြည်နယ်မြို့တော် ဟန်ကျိုးရှိ လူနေရပ်ကွက်တစ်ခုတွင် ၁၉၉၉ ခုနှစ် စက်တင်ဘာလ ၁၀ ရက်က ၎င်း၏မိတ်ဖက် ၁၇ ဦးနှင့်အတူ အလီဘာဘာအား ယွမ် ၅၀၀,၀၀၀ (အမေရိကန်ဒေါ်လာ ၇၀,၀၀၀) ဖြင့် တည်ထောင်ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.