Connect with us

Africa & Middle East

လက်ဘနွန်ဆိပ်ကမ်းသို့ အမေရိကန်ဖျက်သင်္ဘော USS Ramage ရောက်ရှိလာ


ဘေရွတ် ၊ စက်တင်ဘာ ၁၅ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ၏ USS Ramage ဖျက်သင်္ဘောသည် စက်တင်ဘာ ၁၄ ရက်တွင် လက်ဘနွန်နိုင်ငံ ဘေရွတ်ဆိပ်ကမ်းသို့ရောက်ရှိလာခဲ့ကြောင်း ပြည်တွင်းရုပ်သံ LBCT က သတင်းဖော်ပြခဲ့သည်။

လက်ဘနွန်နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် Elizabeth Richard က အမေရိကန်စစ်င်္ဘော လက်ဘနွန်နိုင်ငံသို့ရောက်ရှိလာခြင်းမှာ အမေရိကန် နှင့် လက်ဘနွန် နှစ်နိုင်ငံအကြား နက်ရှိုင်းသော ဆက်ဆံရေးကို ထင်ဟတ်စေသည့် နိုင်ငံရေးသတင်းစကားတစ်ခုဖြစ်ကြောင်း ဆိုသည်။

အမေရိကန်နိုင်ငံ၏ ဖျက်သင်္ဘော USS Ramage အားတွေ့ရစဉ်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ၏ ဖျက်သင်္ဘော USS Ramage အားတွေ့ရစဉ်(ဆင်ဟွာ)

လက်ဘနွန်နိုင်ငံသို့စစ်လက်နက် ကိရိယာများ အများဆုံး ပံ့ပိုးပေးနေသည့် နိုင်ငံမှာ အမေရိကန်နိုင်ငံဖြစ်သည်။

လက်ဘနွန်စစ်တပ်သည် ၂ဝဝ၆ ခုနှစ်တွင် အစ္စရေးနှင့်စစ်မက်ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း အမေရိကန်အစိုးရထံမှ စုစုပေါင်းအမေရိကန်ဒေါ်လာ ၁.၅ ဘီလီယံ တန်ဖိုးရှိ စစ်လက်နက်များ လက်ခံရရှိခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.