Connect with us

Africa & Middle East

အာဖဂန်တပ်ဖွဲ့ထံ စစ်သွေးကြွ ၄၁ ဦး လက်နက်ချ

အာဖဂန်နိုင်ငံရှိ စစ်ဆင်ရေးတစ်ခုတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များအား တွေ့ရစဉ် (ဆင်ဟွာ)

ကဘူးလ်၊ စက်တင်ဘာ ၁၄ ရက် (ဆင်ဟွာ)

အာဖဂန်နိုင်ငံ မြောက်ပိုင်း တက်ခ်ဟာပြည်နယ်ရှိ အစိုးရ လုံခြုံရေးတပ်ဖွဲ့များထံ တာလီဘန်စစ်သွေးကြွ ၄၁ ဦးက လက်နက်ချခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးက စက်တင်ဘာလ ၁၄ ရက်က ပြောကြားလိုက်သည်။

“တက်ခ်ဟာပြည်နယ်၊ ဝါဆာ့ဂျ်ခရိုင်မှာ ဒေသခံ လူကြီးသူမများနဲ့ ခရိုင်ရဲတပ်ဖွဲ့တို့ရဲ့ ကြိုးပမ်းအားထုတ်မှုတွေကြောင့် တာလီဘန်အဖွဲ့ဝင် ၄၁ ဦးက အကြမ်းဖက်မှုအား စွန့်လွှတ်ကာ အာဖဂန် အမျိုးသားနှင့် ကာကွယ်ရေး လုံခြုံရေးတပ်ဖွဲ့ထံ လက်နက်ချခဲ့ကြတာဖြစ်ပါတယ်” ဝန်ကြီးဌာနက ကြေညာချက်၌ ပြောကြားထားသည်။

စစ်သွေးကြွများသည် ၎င်းတို့၏ လက်နက်များအား လွှဲပြောင်းပေးအပ်ခဲ့ကြောင်း၊ ၎င်းတို့သည် အနီးဝန်းကျင်ရှိ ဘာဒတ်ခ်ရှန်ပြည်နယ်၊ ကူရန် ဝါ မွန်ဂျန်ခရိုင်တွင် လှုပ်ရှားခဲ့သူများဖြစ်ကြောင်း အဆိုပါ ကြေညာချက်၌ ဖော်ပြထားသည်။

အာဖဂန် အစိုးရက ၂၀၁၀ ခုနှစ်တွင် တာလီဘန်များအား လက်နက်ချရေးနှင့် အစိုးရကို လက်နက်ကိုင် တိုက်ခိုက်မှုအား စွန့်လွှတ်ရေး တွန်းအားပေးရန် ငြိမ်းချမ်းရေးနှင့် ပြန်လည်ပေါင်းစည်းရေး လုပ်ငန်းစဉ်အား စတင်ဆောင်ရွက်ခဲ့သည်။

ထိုအချိန်မှစ၍ တာလီဘန်စစ်သွေးကြွ ၁၀,၀၀၀ သည် လက်နက်ချကာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သို့ ဝင်ရောက်ခဲ့ကြောင်း ငြိမ်းချမ်းရေး တာဝန်ရှိသူများက ပြောကြားခဲ့သည်။

ယခုလအစောပိုင်းတွင် ကူနားပြည်နယ် အရှေ့ပိုင်းတွင် အစိုးရထံ လက်နက်ချသည့် တာလီဘန် နှင့် အိုင်အက်စ် စစ်သွေးကြွ ၁၅၀ ဦးခန့်ရှိကြောင်း သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117