Economy
ကွမ်ကျိုးကုန်စည်ပွဲတော်သို့ နိုင်ငံနှင့်ဒေသပေါင်း ၂၁၀ ကျော် မှ အဝယ်ကုန်သည်လုပ်ငန်းရှင်များလာရောက်ကြ
ကွမ်ကျိုး၊ အောက်တိုဘာ ၁၅ ရက်(ဆင်ဟွာ)
နိုင်ငံနှင့်ဒေသပေါင်း ၂၁၀ ကျော်မှ အဝယ်ကုန်သည်လုပ်ငန်းရှင်များ ကွမ်ကျိုးကုန်စည်ပွဲတော်သို့ လာရောက်၍ ကုန်ပစ္စည်းဝယ်ယူမှုဆိုင်ရာများကို လာရောက် ဆွေးနွေးကြမည်ဖြစ်ကြောင်း အောက်တိုဘာ ၁၄ ရက်က ၁၂၆ ကြိမ်မြောက် ကွမ်ကျိုးကုန်စည်ပွဲတော် သတင်းစာရှင်းလင်းပွဲတွင် ပြောရေးဆိုခွင့်ရှိသူ ရွှီပင်းက ပြောကြားခဲ့သည်။
ကွမ်ကျိုးကုန်စည်ပွဲတော်သည် တရုတ်နိုင်ငံ နိုင်ငံခြားကုန်သွယ်ရေး၏ အပြောင်းအလဲအခြေအနေနှင့်လားရာဦးတည်ချက်ဖြစ်ကြောင်း
၊ အောက်တိုဘာ ၁၅ ရက်တွင် စတင်မည့် ၁၂၆ ကြိမ်မြောက် ကွမ်ကျိုးကုန်စည်ပွဲတော်ကြီးသည် စုစုပေါင်း ဧရိယာ အကျယ်အ၀န်း စတုရန်းမီတာ ၁ ဒသမ ၁၈၅ သန်း ၊ ပြခန်းပေါင်း ၆၀,၆၇၆ ခန်း၊ ပါဝင်ပြသသည့် ပြည်တွင်းပြည်ပလုပ်ငန်းပေါင်း ၂၅,၆၄၂ ရှိကြောင်း သိရသည်။(Xinhua)